Home
နောက်ဆုံးရသတင်းများ
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအို၌ ကျင်းပခဲ့သည့် အာ
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပခဲ့သော အာရှ-ပစိ
ကြီးကြပ်ရေးအာဏာပိုင်များအတွက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အာရှ-ပစိ
ကြီးကြပ်ရေးအာဏာပိုင်များအတွက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး
၂၈-၂-၂၀၂၅ ရက်နေ့မှ ၁-၃-၂၀၂၅ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၌ ကျင်းပခဲ့သည့် (၁၃)ကြိ
၁၇-၂-၂၀၂၅ ရက်နေ့မှ ၂၁-၂-၂၀၂၅ ရက်နေ့အထိ ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပခဲ့သည့် နိုင်ငံတကာပူးပေါင
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပခဲ့သည့် အာရှ-ပစိဖိတ်ပူး
အခမ်းအနားများ
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး(၂/၂၀၂၂) အား ၁၉-၉-၂၀၂၂ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂) ကျင်းပပြုလုပ်မှု
ဆက်စပ်သတင်းများ
ဆက်စပ်သတင်းများ
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ FATF ၏ Public Statement အပေါ် မြန်မာနိုင်ငံ၏သဘောထား ထုတ်ပြန်ချက် ( ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်) ၁။ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့(Financial Action Task Force–FATF)သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ Public Statement တစ်စောင် ထုတ်ပြန် ခဲ့ပါသည်။ ၂။ အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် နိုင်ငံအဆင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး အမျိုးသားအဆင့်ကော်မတီတစ်ခုဖွဲ့စည်းခြင်းနှင့် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ခြင်းများအပါအဝင် အွန်လိုင်းလိမ်လည်မှုများနှင့် ဆိုက်ဘာအသုံးပြုလိမ်လည်မှုများ တိုက်ဖျက်ရေး လုပ်ငန်းအချို့ကို ဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံ၌ အွန်လိုင်း လိမ်လည်မှုများနှင့် ဆိုက်ဘာအသုံးပြုလိမ်လည်မှုများနှင့် ဆက်နွှယ်သည့် တရားမဝင်ငွေကြေး စီးဆင်းမှုအန္တရာယ်များ ကြီးမားကျယ်ပြန့်စွာဖြစ်ပေါ်နေသည်ကို FATF မှ သတိပြုမိကြောင်း၊ အွန်လိုင်းလိမ်လည်မှုများနှင့်ဆိုက်ဘာအသုံးပြုလိမ်လည်မှုများ၏ ခြိမ်းခြောက် မှုများနှင့်ဆက်နွှယ်သည့် တရားမဝင်ငွေကြေးစီးဆင်းမှုအန္တရာယ်များ တိုက်ဖျက်ရေးအတွက် သင့်လျော်သည့် အရေးယူမှုများဆောင်ရွက်ရန် FATF မှ မြန်မာနိုင်ငံအား တောင်းဆိုပြီး ယင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အဆိုပါ တရားမဝင် ငွေကြေးစီးဆင်းမှုဆိုင်ရာ ခြိမ်းခြောက်မှုများအား တိုက်ဖျက်ရာတွင် မြန်မာနိုင်ငံသည် ရာဇဝတ်ဂိုဏ်းများမှ လူကုန်ကူးခံရ သူများ၏ အကျိုးစီးပွားအား သေချာစွာထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်ကို စိစစ်တွေ့ရှိရပါသည်။ ၃။ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုများ၊ ဆိုက်ဘာနည်းပညာအသုံးပြု၍ ကျူးလွန်သော လိမ်လည်မှုများသည် ငွေကြေးခဝါချမှုများအပြင် ငွေကြေးစနစ်၏ ယုံကြည်စိတ်ချ ရမှုကိုထိခိုက်စေပြီး ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်သကဲ့သို့ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ တစ်ဝှမ်းရှိနိုင်ငံများအပေါ်လည်း ဆိုးကျိုးသက်ရောက်စေကြောင်းကို အပြည့်အဝအသိအမှတ်ပြု ပါသည်။ ၄။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ်(၉/၂၀၂၀)ဖြင့် Cryptocurrency များအား တရားဝင်ငွေပေးချေမှုနည်းလမ်း (Legal Tender) အဖြစ် အသုံးပြုခြင်းမပြုရန် ကြေညာထားသကဲ့သို့ အွန်လိုင်းလိမ်လည်မှုများမှ တရားမဝင်ရရှိသော ငွေကြေးများကို cryptocurrency များအဖြစ် ပြောင်းလဲလွှဲပြောင်း၍ မြန်မာ့ငွေကြေးစနစ်အတွင်းသို့ ဝင်ရောက်ခြင်းမရှိကြောင်း စုံစမ်းစစ်ဆေးမှုများအရ ဖော်ထုတ်ရရှိပါသည်။ တရားမဝင်ငွေကြေး လွှဲပြောင်းမှုများသည်လည်း ပြည်ပရှိငွေကြေးစနစ်များကို အသုံးပြုလျက်ရှိသဖြင့် ဒေသတွင်း ငွေကြေးဆိုင်ရာအန္တရာယ်များလျှော့ချရေးသည် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု များမှတစ်ဆင့် ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၅။ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများအား တိုက်ဖျက်ရန် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီးဆောင်ရွက်လျက်ရှိရာ အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီ ဖွဲ့စည်းခြင်း၊ အမျိုးသားလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုဌာန (National Anti-Scam Centre – ASC) ဖွဲ့စည်း တည်ထောင်နိုင်ရေးဆောင်ရွက်နေခြင်း၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊ ၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအသစ် ပြဋ္ဌာန်းခြင်း၊ အွန်လိုင်း လိမ်လည်မှုနှင့် ဆိုက်ဘာအသုံးပြုလိမ်လည်မှုများ ကျူးလွန်သူများအပေါ် ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်း၊ အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ နစ်နာခဲ့ရသူများ သို့မဟုတ် ဖော်ထုတ်ရရှိသည့် နိုင်ငံခြားသားနစ်နာသူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် ပို့ဆောင်ပေးခြင်း၊ တရားမဝင် ဝင်ရောက်လာသူနိုင်ငံခြားသားများအား ပြည်တွင်းဥပဒေအရ စိစစ် ဆောင်ရွက်ပြီးနောက် လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်း၊ အွန်လိုင်းလိမ်လည်မှုဌာနများ ထပ်မံမတည်ဆောက်နိုင်ရေး ၎င်းတို့၏ အဆောက်အဦအရင်းအမြစ်များနှင့် အီလက်ထရောနစ် ပစ္စည်းများအား ဖျက်ဆီးခြင်း၊ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းကို တက်ကြွစွာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် အသိပေးလျက်ရှိသကဲ့သို့ နိုင်ငံတကာအစည်းအဝေးများတွင် တင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ၆။ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် သတင်းအချက်အလက်ဖလှယ်ရေးအပိုင်းတွင်လည်း ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်ဖလှယ်ရေးယန္တရားများ၊ ဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ လေ့ကျင့်ရေးအစီအစဉ်များ၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ အကြား လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ အားကောင်းအောင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ ၇။ ထို့အပြင် မြန်မာနိုင်ငံသည် FATF ၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန်နှင့် FATF လုပ်ငန်းစဉ်အောက်ရှိ ကျန်ရှိနေသည့် Action Plan အချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန် အခိုင်အမာကတိကဝတ်ပြုထားဆဲ ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် FATF မှ မြန်မာနိုင်ငံကို High-Risk Jurisdictions subject to a Call for Action စာရင်းသို့ သတ်မှတ် ထည့်သွင်းခံရပြီးနောက် မြန်မာနိုင်ငံသည် Asia-Pacific Joint Group(APJG)သို့ (၁၇)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာ(Progress Report)အား တင်သွင်းခဲ့ပြီးဖြစ်ပါသည်။ APJG ၏ မျက်နှာချင်းဆိုင် အစည်းအဝေးများနှင့် FATF မျက်နှာစုံညီအစည်းအဝေးများတွင် တက်ကြွစွာပါဝင်ခဲ့ကာ Action Plan အချက် ၁၅ ချက် အနက် ၁၃ ချက်ကို အောင်မြင်စွာ ပြီးစီးခဲ့ပြီး အချက် ၂ ချက်သာ ဆက်လက် ဆောင်ရွက်ရန်ကျန်ရှိပါသည်။ အထက်ဖော်ပြပါတိုးတက်မှုများအပေါ် မြန်မာနိုင်ငံ၏ အဆင့်မြင့် အစိုးရတာဝန်ရှိသူများက ကျန်ရှိသည့် Action Plan အချက်များကို ပြီးမြောက်စေရန် ခိုင်မာသော နိုင်ငံရေးကတိကဝတ်နှင့်ဆုံးဖြတ်ချက်ကို ဆက်လက်ပြသလျက်ရှိကြောင်းတွေ့ရှိနိုင်မည်ဖြစ်ပါသည်။ ၈။ UNODC ၏ "Inflection Point: Global Implications of Scam Centers, Underground Banking and Illicit Online Marketplaces in Southeast Asia" (April 2025) အစီရင်ခံစာအရ online scam ကွန်ရက်များသည် အရှေ့တောင်အာရှဒေသအတွင်း အုပ်ချုပ်ရေး အားနည်းသောနယ်မြေများကို အခွင့်ကောင်းယူ၍ ဖြန့်ကျက်လှုပ်ရှားလာခဲ့ကြောင်း၊ ယင်းလုပ်ငန်း များသည် မဲခေါင်ဒေသတစ်ဝှမ်းသာမက အာဖရိက၊ တောင်အမေရိက၊ ပစိဖိတ်နှင့် အရှေ့အလယ်ပိုင်း ဒေသများအထိ တိုးချဲ့ဖြစ်ပွားလျက်ရှိကြောင်းဖော်ပြထားပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှုများသည်လည်း ဖြန့်ကျက်လှုပ်ရှားလာသည့် online scam ကွန်ရက်များ၏ အစိတ်အပိုင်းများဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၉။ နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု၊ လူအများအပြားသေကြေစေသောလက်နက်များပြန့်ပွားမှုအပေါ် ငွေကြေးထောက်ပံ့မှု၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဆိုက်ဘာအသုံးပြု၍ ကျူးလွန်သော လိမ်လည်မှုများကို တိုက်ဖျက်ရန် မပြောင်းလဲသော ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါသည်။ မြန်မာနိုင်ငံသည် FATF အကြံပြုချက်များ၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ ဥပဒေမူဘောင်ကို ဆက်လက်အားကောင်း စေပြီး လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာစွမ်းရည်များကိုမြှင့်တင်ကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာ တိုးမြှင့်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် မိမိ၏ ဆက်လက်ကြိုးပမ်း ဆောင်ရွက်မှုများ၊ ရရှိခဲ့သည့်တိုးတက်မှုများနှင့် အခိုင်အမာပြသခဲ့သည့်နိုင်ငံရေးကတိကဝတ်များကို အနာဂတ်သုံးသပ်အကဲဖြတ်မှုများနှင့် ဆွေးနွေးမှုများတွင် ထည့်သွင်းအသိအမှတ်ပြုပေးရန် လေးစားစွာ တောင်းဆိုအပ်ပါသည်။ ၁၀။ ထို့အပြင် နယ်စပ်ဖြတ်ကျော် ဖွဲ့စည်းထားသော ရာဇဝတ်ဂိုဏ်းများကြောင့် ထိခိုက်ခံစား နေရသော နိုင်ငံများအားလုံးအတွက် နည်းပညာအကူအညီ၊ သတင်းအချက်အလက်ဖလှယ်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အပံ့များကို နိုင်ငံတကာအသိုက်အဝန်းမှ ဆက်လက်ပံ့ပိုး ပေးရန် မြန်မာနိုင်ငံက တိုက်တွန်းအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နိုင်ငံ တစ်နိုင်ငံ တည်းကမျှ ဤစိန်ခေါ်မှုများကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းကို အသိအမှတ်ပြုထားသောကြောင့် ဖြစ်ပါသည်။ ၁၁။ မြန်မာနိုင်ငံသည် FATF၊ APG၊ Egmont Group နှင့် အခြားနိုင်ငံတကာမိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လျက် နိုင်ငံတကာဘဏ္ဍာရေးစနစ်၏ ယုံကြည်စိတ်ချရမှုကို ထိန်းသိမ်းကာ နယ်စပ်ဖြတ်ကျော်ဘဏ္ဍာရေးရာဇဝတ်မှုများကို ထိရောက်စွာတိုက်ဖျက်သွားမည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နေပြည်တော်။ |
ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တွင် တာဝန်ထမ်းဆောင်ရန် အလိုရှိသည်။ စစ်မြေပြင်မှာ ကျည်ဆန်တွေ၊ ဗုံးတွေနဲ့ တိုက်ပွဲမဝင်ပဲ ကိန်းဂဏန်းစာရင်းအင်းတွေကြား နည်းပညာ၊ ဘာသာရပ်ကျွမ်းကျင်မှုတွေပဲအသုံးချပြီး နိုင်ငံတော်ရဲ့ ငွေကြေးနဲ့ စီးပွားရေးမဏ္ဏိုင်ကို ကာကွယ်စောင့်ရှောက်တဲ့ နိုင်ငံ့သားကောင်းဖြစ်လိုပါသလား??? ဒါဆို သင်အခုပဲ “ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့” ကို ဝင်ရောက်လိုက်ပါ။ ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ Anti Financial Crime Division – AFCD ဆိုတာ ဘာလဲ? ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဆိုတာ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လက်အောက်မှာဖွဲ့စည်းထားတဲ့ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းတွေကိုပဲ သီးသန့်ဆောင်ရွက်ရတဲ့ “အထူးတပ်ဖွဲ့” တစ်ခုပါ။ ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(AFCD) က ဘာတွေလုပ်ရတာလဲ?? AFCD ရဲ့ အဓိကလုပ်ငန်းကတော့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်း တွေပါပဲ။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကိုယ်စားပြုဖွဲ့စည်းထားတဲ့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ Myanmar Financial Intelligence - MFIU အဖြစ် ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (AFCD)က တာဝန်ယူဆောင်ရွက်နေတာပါ။ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအတွက် သတ်မှတ်ထားတဲ့ သတင်းပို့အဖွဲ့အစည်းတွေက သတင်းပို့လာတာကို AFCD က ကိုယ်ပိုင် Web Portal ၊ ကိုယ်ပိုင် Data Server တွေနဲ့ နည်းပညာအသုံးပြု လက်ခံခြင်း ဆောင်ရွက်တယ်။ လက်ခံရရှိတဲ့ Data တွေကို ကိုယ်ပိုင်ရေးဆွဲထားတဲ့ Data Analysis Too တွေနဲ့ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုအန္တရာယ်ရှိမရှိ စိစစ်ခြင်း(Analysis) ဆောင်ရွက်တယ်။ စိစစ်တွေ့ရှိတဲ့အပေါ် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်တယ်။ စိစစ်ရေး အဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေဖွဲ့ပြီး စုံစမ်းဖော်ထုတ်တယ်၊ တရားစွဲအရေးယူတယ်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ သတင်းဖလှယ်တာတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေ ပြုလုပ် ရတယ်။ AFCD က ရဲတပ်ဖွဲ့ဖြစ်ပေမယ့် အပေါ်မှာပါတဲ့လုပ်ငန်းတွေကိုပဲ အဓိကလုပ်ရတာဖြစ်တဲ့ သင်မြင်ဖူး နေကျ ရဲတွေနဲ့ “မတူတဲ့ ရဲ” ပါ။ ဒီလို ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ကိုဝင်ဖို့ ဘာအတွေ့အကြုံတွေရှိရမလဲ??? AFCD ကိုဝင်ရောက်ဖို့ အတွေ့အကြုံရှိစရာမလိုပါ။ ပြင်းပျတဲ့ စိတ်ဓာတ်နဲ့ ဆောင်ရွက်လိုစိတ်၊ စိတ်ပါ ဝင်စားမှုတွေကိုပဲ လိုအပ်ပါတယ်။ ကျန်တာ AFCD က လုပ်ကိုင်ရင်းသင်ကြားပေးသွားပါမယ်။
ဒီလိုစိတ်ပါဝင်စားသူတွေကို အဓိက လိုအပ်ပါတယ်။ AFCD ကို ဝင်ရောက်ဖို့ အတွေ့အကြုံမလိုအပ်ပဲ AFCD က ဒီလိုအတွေ့အကြုံ၊ အကျိုးအမြတ်တွေ သင့်ကိုပြန်လည်ပေးအပ်သွားမှာပါ -
ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ AFCD ကို ဘယ်လိုဝင်ရမလဲ??? ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တွင်စာရင်းပေးသွင်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဝင်ရောက်ရမည်ဖြစ်ပြီး ဝင်ရောက်ရန်အတွက် အောက်ပါအချက်များနှင့် ကိုက်ညီရန် လိုအပ်ပါတယ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဝင်ရောက်ပြီးပါက အခြေခံရဲတပ်သားသစ်သင်တန်း ၆ လ ၊ လုံခြုံရေးနှင့် စစ် ပညာအတွေ့အကြုံရစေရန် လုံခြုံရေးရဲတပ်ဖွဲ့ခွဲများတွင် ၁ နှစ် တာဝန်ထမ်းဆောင်ရပါမည်။ အဆိုပါ သင်ကြားမှု အတွေ့အကြုံယူခြင်း ပြီးစီးပါက ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ သို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။ အနိမ့်ဆုံးလစာ နဲ့ ခံစားခွင့် မူရင်းလစာ ၁၄၄၀၀၀ ရိက္ခာစရိတ် (၃၁ ရက် X ၁၈၀၀) ၅၅၈၀၀ ထောက်ပံ့စရိတ် ၆၀၀၀၀ ပင်ပန်းကြမ်းတမ်းမှုနှင့်သက်စွန့်စရိတ် ၅၀၀၀၀ စုစုပေါင်း ၃၀၉၈၀၀ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ စတင်ဝင်ရောက်သည့်နေ့မှစ၍ လစာရိက္ခာ စတင်ခံစားနိုင်မည်ဖြစ်ပြီး နေအိမ် လိုင်းခန်း၊ အခမဲ့ဆေးကုသနိုင်ခြင်း၊ သက်ဆိုင်ရာခွင့်များခံစားနိုင်ခြင်း၊ ဘွဲ့မရရှိသေးပါက ဘွဲ့ရရှိသည် အထိ ပညာဆက်လက်သင်ကြားနိုင်ခြင်း၊ ဘွဲ့ရရှိပါက ဒုရဲအုပ်လောင်းအရာရှိစာမေးပွဲ ဖြေဆိုနိုင်ခြင်း၊ သတ်မှတ်ချက်နှင့်အညီ နိုင်ငံခြား ပညာတော်သင်လျှောက်ထားနိုင်ခြင်း၊ အရည်အချင်း၊ ကျွမ်းကျင်မှု နှင့် ထူးချွန်မှုအပေါ် မူတည်၍ ရာထူး၊ လစာ၊ ခံစားခွင့်များ တိုးမြှင့်ပေးခြင်း စသည်တို့အား ရရှိနိုင် မည်ဖြစ်ပါသည်။ ဘယ်ကိုဆက်သွယ်ရမလဲ? ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ရုံး၊ ကျွန်းရွှေမြိုင်လမ်း၊ ဧက ၁၀၀၀ ၊ အင်ကြင်းဈေးအနီး၊ ဓနသိဒ္ဓိရပ်ကွက်၊ ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော် သို့ လူကိုယ်တိုင်လာရောက်စာရင်းပေးသွင်းနိုင်ပြီး
တို့မှ တစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ www.mfiu.gov.mm တွင်လည်း ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါသည်။ afcd.myanmar@gmail.com နှင့် mfiu.website@myanmarfiu.com တို့မှလည်း ကိုယ်ရေးအချက်အလက်များပေးပို့လျှောက်ထားနိုင်ပါသည်။ |
Basel Institute on Governance ၏ Basel AML Index 2025 အရ မြန်မာနိုင်ငံအား အဆင့်သတ်မှတ်ဖော်ပြချက်အပေါ် ကန့်ကွက်ကြောင်း အသိပေးထုတ်ပြန်ချက် ၁။ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် International Non-profit Organization တစ်ခုဖြစ်သည့် Basel Institute on Governance က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် Basel AML Index 2025 အရ မြန်မာနိုင်ငံသည် နိုင်ငံနှင့် ဒေသပေါင်း ၁၇၇ နိုင်ငံအနက် ဆုံးရှုံး နိုင်ခြေမြင့်မားသောနိုင်ငံစာရင်းတွင် နံပါတ် ၁ နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခဲ့ပါသည်။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ၁၁-၁၂-၂၀၂၅ |
အိမ်ခြံမြေအကျိုးဆောင် နှင့် အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းများတွင် ကဏ္ဍအလိုက် ဆုံးရှုံးနိုင်ခြေအကဲဖြတ်မှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ အိမ်ခြံမြေအကျိုးဆောင် နှင့် အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းများတွင် ကဏ္ဍအလိုက် ဆုံးရှုံးနိုင်ခြေအကဲဖြတ်မှု အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၁၉ ရက် နံနက် ၈ နာရီက နေပြည်တော် Hotel Max ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ နေပြည်တော် တိုင်းဒေသကြီး/ပြည်နယ် ကိုးခုမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း ၂၆ ဦး၊ အိမ်ခြံမြေအကျိုးဆောင် ၁၄၅ ဦး နှင့် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူ ၄၅ ဦး စုစုပေါင်း ၂၁၆ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Credit from မြန်မာ့အလင်းသတင်းစာ , ဇွန်လ ၂၁ ရက် ၂၀၂၃ ခုနှစ် , စာမျက်နှာ ၂ |
ဩစတြေးလျနိုင်ငံ ASIC မှ ပေးပို့လာသည့် အစီရင်ခံစာအမှတ် Report 761 အား ဖတ်ရှုလေ့လာတင်ပြခြင်း ဩစတြေးလျနိုင်ငံ ငွေကြေးသက်သေခံလက်မှတ်နှင့်ရင်းနှီးမြှပ်နှံမှုကော်မရှင် ASIC(Australian Securities & Investments Commission) မှ ၂၀၂၃ ခုနှစ် ဧပြီလ တွင် ထုတ်ပြန်ခဲ့သည့် Scam Prevention Detection and Response by the Four Major Banks အစီရင်ခံစာ၊ အစီရင်ခံစာအမှတ်(Report 761) အား FICG မှ မြန်မာနိုင်ငံ၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ ပေးပို့လာမှုအပေါ် ဖတ်ရှုလေ့လာပြုစုထားသည့် Power Point Presentation ဖြစ်ပါသည်။ အစီရင်ခံစာတွင် ပါဝင်သည့်အကြောင်းအရာများသည် ဘဏ်များနှင့်ပတ်သက်၍ အဓိကထားရေးသားထားခြင်း ဖြစ်ပါသည်။ အစီရင်ခံစာတွင် ဩစတြေးလျနိုင်ငံရှိ ဘဏ်များမှ Online လိမ်လည်မှုများနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းပုံများ၊ ဆက်လက်ဆောင်ရွက်မည့်အကြောင်းအရာများအား ဖော်ပြထားပါသည်။ |





