ကြီးကြပ်ရေးအာဏာပိုင်များအတွက် AML/CFT ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်ခြင်း(၁/၂၀၂၅) (၁၇-၃-၂၀၂၅ မှ ၂၁-၃-၂၀၂၅)
ကြီးကြပ်ရေးအာဏာပိုင်များအတွက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၁/၂၀၂၅)ကို ၁၇-၃-၂၀၂၅ ရက်နေ့မှ ၂၁-၃-၂၀၂၅ ရက်နေ့ထိ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ရုံး၊ သင်တန်းခန်းမ၊ နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သင်တန်းသူ ၂၅ ဦး တက်ရောက်ခဲ့ပါသည်။
သင်တန်းတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ ပြည်တွင်းဥပဒေ၊ နည်းဥပဒေများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာပြည်တွင်းအဖွဲ့အစည်းများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာနိုင်ငံတကာစံနှုန်းများ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ၊ ကြီးကြပ်စစ်ဆေးရေးဆိုင်ရာလမ်းညွှန်ချက်များ၊ အန္တရာယ်အကဲဖြတ်ခြင်းဆိုင်ရာလမ်းညွှန်ချက်များ၊ လုပ်ငန်းခွင်ပြင်ပစစ်ဆေးခြင်း၊ လုပ်ငန်းခွင်သို့သွားရောက်စစ်ဆေးခြင်းများ အစရှိသည့်ဘာသာရပ်များအား အတွေ့အကြုံရှိ နည်းပြများမှ သင်ကြားပို့ချခဲ့ပါသည်။
- Log in to post comments