အဓိကအကြောင်းအရာသို့ သွားမည်

Offences

 

၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ အရ အောက်ပါပြစ်မှုများသည် ငွေကြေးခဝါချမှု ပြုလုပ်ခြင်းနှင့် သက်ဆိုင်သည့် ပြစ်မှုများအဖြစ် ပြဌာန်းထားပါသည်-
 
၁။ ဂိုဏ်းဖွဲ့ကျူးလွန်သည့်ပြစ်မှုများ၊
၂။ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့်သက်ဆိုင်သည့်ပြစ်မှုများ၊
၃။ ဉာဏပစ္စည်းဆိုင်ရာပြစ်မှုများ၊
၄။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြစ်မှုများ၊
၅။ အခွန်တိမ်းရှောင်မှုနှင့် အခွန်ဆိုင်ရာပြစ်မှုများ၊
၆။ ပင်လယ်ဓားပြမှုနှင့်ဆိုင်သည့်ပြစ်မှုများ၊
၇။ အကြမ်းဖက်မှုဆိုင်ရာပြစ်မှုများ၊
၈။ ဈေးကွက်ထိန်းချုပ်ရန်ဆောင်ရွက်သည့်ပြစ်မှုများ၊ 
၉။ တည်ဆဲဥပဒေများအရ ထောင်ဒဏ်တစ်နှစ်နှင့်အထက် ထိုက်သင့်သည့်ပြစ်မှုများ၊ 
၁၀။ ငွေကြေးခဝါချမှုနှင့်သက်ဆိုင်သည်ဟုအမိန့်ကြော်ငြာစာများဖြင့် သတ်မှတ်သည့်ပြစ်မှုများ ၊
၁၁။ အထက်ဖော်ပြပါအကြောင်းအရာများနှင့်ဆက်စပ်ပတ်သက်ကြံစည်အားထုတ် ပူးပေါင်းထောက်ပံ့ဂိုဏ်းဝင်ဖြစ်ခြင်းများ။
 
 
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ၂၁-၁၁-၂၀၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေငြာသည့် အမိန့်အမှတ် (၂/၂၀၁၄) ဖြင့် အောက်ဖော်ပြပါပြစ်မှုများအား ငွေကြေးခဝါချမှု ပြုလုပ်ခြင်းနှင့် သက်ဆိုင်သည့် ပြစ်မှုများအဖြစ် ထပ်တိုးကြေငြာခဲ့ပါသည်-
 
၁။ အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့ခြင်း အပါအဝင် အကြမ်းဖက်မှုများ၊
၂။ လူကုန်ကူးမှုများနှင့် လူမှောင်ခိုမှုများ၊
၃။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအား တရားမဝင် ကုန်ကူးမှုများ၊
၄။ လက်နက်များ တရားမဝင် ကုန်ကူးမှုများ၊
၅။ ခိုးရာပါနှင့် အခြားပစ္စည်းများ တရားမဝင် ကုန်ကူးမှုများ၊
၆။ အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများ၊
၇။ လိမ်လည်မှုများ၊
၈။ ငွေကြေးအတုပြုလုပ်မှုများ၊
၉။ လူသတ်မှုနှင့် လူကို အပြင်းအထန် ထိခိုက်နာကျင်စေသော ပြစ်မှုများ၊
၁၀။ ပြန်ပေးဆွဲမှု၊ မတရား တားဆီးချုပ်နှောင်မှု နှင့် ဓားစာခံ ဖမ်းဆီးမှုများ၊
၁၁။ ဓားပြမှု သို့မဟုတ် ခိုးမှု၊
၁၂။ အကောက်ခွန်၊ ယစ်မျိုးနှင့် အခွန်များဆိုင်ရာ အပါအဝင် မှောင်ခိုမှုများ၊
၁၃။ ခြောက်လှန့်တောင်းယူမှုများ၊
၁၄။ အတုပြုလုပ်မှုများ။