အဓိကအကြောင်းအရာသို့ သွားမည်

Objectives & Functions

ရည်မှန်းချက်

အဆိုပါရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အောက်ပါ ရည်မှန်းချက်များ (Objectives)ကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်

(က). သတင်းပို့ပုံစံများ၊ နည်းလမ်းများချမှတ်ဆောင်ရွက်ရန်၊ သတင်းပို့ချက်များအား လက်ခံရယူရန်နှင့် စုဆောင်းထိန်းသိမ်းထားရှိရန်။

(ခ). ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတို့နှင့် ဆက်နွယ်မှုအား ဖော်ထုတ်နိုင်ရန်အတွက် သတ်မှတ်နယ်ပယ်အလိုက် ကိစ္စရပ်တစ်ခုချင်းအပေါ် စိစစ်သုံးသပ်ရန်။

(ဂ). ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ နည်းလမ်းများ၊ ကဏ္ဍများနှင့် အလားအလာများအား စိစစ်သုံးသပ်ရန်။

(ဃ). ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် မူလပြစ်မှုတို့နှင့် ဆက်နွယ်သည်ဟု သံသယဖြစ်ဖွယ်တွေ့ရှိသည့် စိစစ်ချက်ရလဒ်များကို သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများသို့ ပေးပို့ရန်လိုအပ်ပါက သို့မဟုတ် ပြည်တွင်း ပြည်ပမိတ်ဖက်အဖွဲ့အစည်းများက တောင်းဆိုလာပါက စည်းကမ်းသတ်မှတ်ချက်နှင့် အညီ ဖြန့်ဝေရန်။

(င). ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုနှင့် မူလပြစ်မှုတို့နှင့်ဆက်နွယ် မှုကို စိစစ်ရန်အတွက် သတင်းအချက်အလက်ထပ်မံလိုအပ်ပါက သတင်းအချက် အလက်ကို ရရှိနိုင်မည့် သတင်းပို့အဖွဲ့အစည်း၊ အစိုးရဌာနနှင့် အခြားအဖွဲ့အစည်း များထံမှ သတင်းအချက်အလက်များ တောင်းခံရယူရန်။

(စ). ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေးအတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။

(ဆ). သတင်းပို့အဖွဲ့အစည်းများ၊ ကြီးကြပ်ရေးအာဏာပိုင်များ၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ဆက်စပ်ဌာနအဖွဲ့အစည်းများအား ငွေကြေးခဝါချမှုတိုက်ဖျက် ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အကူအညီနှင့် အသိပညာ ဖြန့်ဝေရန်။

 

တာဝန်

ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၏ တာဝန်များ (Functions) မှာအောက်ပါ အတိုင်းဖြစ်ပါသည်

(က). သတင်းပို့အဖွဲ့အစည်းများထံမှ သံသယဖြစ်ဖွယ်သတင်းပို့ချက်များ၊ အခြားသတင်းပို့ ချက်များနှင့် သတင်းအချက်အလက်များကိုလက်ခံခြင်း။

(ခ). လက်ခံရရှိသည့် သတင်းပို့ချက်များနှင့် သတင်းအချက်အလက်များကို စနစ်တကျ ထိန်းသိမ်းထားရှိခြင်း။

(ဂ). လက်ခံရရှိသည့်သတင်းပို့ချက်နှင့် သတင်းအချက်အလက်များကို ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုနှင့် မူလပြစ်မှုများနှင့်ဆက်နွယ်မှုရှိမရှိအတွက် မိမိဌာနတွင် ထိန်းသိမ်းထားရှိသော သတင်းအချက်အလက်များ၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများထံမှ ရရှိသည့်သတင်းအချက်အလက်များ၊ ပြင်ပရင်းမြစ်များမှ ရရှိသော သတင်းအချက်အလက်များနှင့် တိုက်ဆိုင်စိစစ်ခြင်း၊ ငွေကြေးခဝါချမှု ဆိုင်ရာ နယ်ပယ်၊ အလားအလာနှင့် နည်းလမ်းများကို စိစစ် သုံးသပ်ခြင်း။

(ဃ). စိစစ်ချက်အရ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် စပ်ဆိုင် သည်ဟုသော်လည်းကောင်း၊ ငွေကြေးခဝါချမှုနှင့် သက်ဆိုင်သည့်ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှ ရရှိသော ငွေကြေးနှင့် ပစ္စည်းများဖြစ်သည်ဟုသော်လည်းကောင်း၊ သံသယဖြစ်ဖွယ်တွေ့ရှိပါက စိစစ်တွေ့ရှိချက်ရလဒ်ကို တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများထံ ဖြန့်ဝေခြင်း၊ ဖလှယ်ခြင်း၊ ထပ်မံလိုအပ်သော သတင်းအချက်အလက် များကို တောင်းခံခြင်း။

(င). ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို့နှင့် ဆက်နွယ်မှုရှိသည့် အမှုကိစ္စရပ်များ စုံစမ်းစစ်ဆေးရာတွင် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။

(စ). နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ အခြားနိုင်ငံများနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ သတင်းအချက် အလက်များ၊ နည်းပုံစံများ၊ အလားအလာများကို သတင်းဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း။

 

(ဆ). ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ အစိုးရဌာနများ၊ အခြားသောအဖွဲ့ အစည်းများနှင့် သတင်းပို့အဖွဲ့အစည်းများမှ တာဝန်ရှိဝန်ထမ်းများအတွက် သင်တန်း များနှင့် အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း။