အဓိကအကြောင်းအရာသို့ သွားမည်

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအသစ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးမှုများဆောင်ရွက်ခြင်း၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT) ဆိုင်ရာ အသိပညာမြှင့်တင်ပေးရေးသင်တန်း ပြုလုပ်ခြင်း(အိမ်ခြံမြေလုပ်ငန်း) (၂၃-၂-၂၀၂၆)

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT)ဆိုင်ရာအသိပညာမြှင့်တင်ပေးရေး သင်တန်းကို ၂၃-၂-၂၀၂၆ ရက်နေ့ ၀၉၀၀ အချိန်မှ ၁၁၀၀ အချိန်ထိ  မန္တလေးမြို့၊ Y-Mandalay Hotel ခန်းမတွင် ကျင်းပခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲနှင့် အသိပညာမြှင့်တင်ရေးသင်တန်းအား ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်း ရေးအဖွဲ့၊ ဒုတိယအဖွဲ့ခေါင်းဆောင် ရဲမှူးကြီး မြင့်စိုး မှ တက်ရောက်သင်ကြားပို့ချခဲ့ပြီး မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အသင်းသူ၊ အသင်းသား ၁၁၁၅ ဦး ခန့် တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲနှင့် အသိပညာမြှင့်တင်ရေးသင်တန်းတွင် ၂၀၁၄ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေနှင့် အသစ်ထွက်ရှိမည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအကြား ကွာခြားချက်များ၊ ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဥပဒေအသစ်ပြဋ္ဌာန်းရန် လိုအပ်ချက်များ၊  လက်ရှိ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှု နှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများ၊ အိမ်ခြံမြေ လုပ်ငန်း နှင့် ငွေကြေးခဝါချမှုတို့အကြား ဆက်စပ်မှုများအား  ရှင်းလင်း ဆွေးနွေး ပို့ချခဲ့ပါသည်။

Date