ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့၏ အကြံပြုချက်စံနှုန်းများ၊ နည်းပညာများနှင့် လုပ်ထုံးလုပ်နည်းများအားမိတ်ဆက်ခြင်းသင်တန်းဖွင့်လှစ်ခြင်း၊ သင်တန်းအမှတ်စဉ်(၂/၂၀၂၅) (၂၈-၇-၂၀၂၅ မှ ၃၀-၇-၂၀၂၅)
ကြီးကြပ်ရေးအာဏာပိုင်များအတွက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၂/၂၀၂၅)ကို ၂၈-၇-၂၀၂၅ ရက်နေ့မှ ၃၀-၇-၂၀၂၅ ရက်နေ့ထိ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ရုံး၊ သင်တန်းခန်းမ၊ နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သင်တန်းသူ (၃၈)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် ၂၀၂၈-၂၀၂၉ ခုနှစ်၌ ဆောင်ရွက်ရမည့် နိုင်ငံအချင်းချင်းအပြန်အလှန်အကဲဖြတ်ရေးလုပ်ငန်းစဉ်(Mutual Evaluation Process - ME) ကို အောင်မြင်စွာဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဆိုင်ရာနိုင်ငံတကာစံနှုန်းများ၊ နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်သည့် နည်းလမ်းများနှင့် လုပ်ငန်းစဉ်များ၊ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့၏ အကြံပြုစံနှုန်းများ၊ နည်းပညာများ နှင့် လုပ်ထုံးလုပ်နည်းများအား မိတ်ဆက်ရှင်းလင်းပို့ချခဲ့ပါသည်။
- Log in to post comments