အသစ်ပြောင်းလဲအသုံးပြုမည့် Web Based Online Reporting System မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကျင်းပခြင်း (၁၃-၈-၂၀၂၅) နှင့် Reporting System အသစ် ပြောင်းလဲ အသုံးပြုမည့်အစီအစဉ် ကြေညာခြင်း
ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ(၁၀)၊ ပုဒ်မခွဲ(က)အရ သတင်းပို့အဖွဲ့အစည်းများမှ လိုက်နာအသုံးပြုဆောင်ရွက်ရမည့် သတင်းပို့ရန် သတ်မှတ်ပုံစံများ၊ သတင်းပို့ချက်တွင် ပါဝင်ရမည့်အချက်များ၊ သတင်းပို့ခြင်းဆိုင်ရာနည်းလမ်းများကို အခါအားလျော်စွာ ထုတ်ပြန်ရမည်ဖြစ်ရာ Gmail အသုံး၌ပြု၍ သတင်းပို့ရမည့် လက်ရှိစနစ်အစား Web Based Reporting System အဖြစ် ပြောင်းလဲအသုံးပြုနိုင်ရန် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
ဆောင်ရွက်ပြီးစီးသည့် Web Based Reporting System အား အသုံးပြုရန် ကြေညာခြင်းမပြုမီ မိတ်ဆက်ရှင်းလင်း ပြသခြင်း၊ အပြီးသတ်အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ တောင်းခံနိုင်ရန် မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနား အား ပုဂ္ဂလိကဘဏ် ၁၀ ဘဏ်ဖြင့် ၁၃-၈-၂၀၂၅ ရက်နေ့တွင် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၊ နေပြည်တော် ၌ ကျင်းပပြုလုပ်ခဲ့၍ အကြံပြုချက်များရယူခဲ့ပါသည်။
ရရှိလာသည့်အကြံပြုချက်များအနက် ကိုက်ညီသင့်လျော်မည့် အချက်များအား ပြင်ဆင်ပြီးပါက Web Based Reporting System အား ပြောင်းလဲအသုံးပြုရန်ကြေညာသည့်အခမ်းအနား ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါအခမ်းအနား သို့ ဘဏ်နှင့်ငွေရေးကြေးရေးလုပ်ငန်းများမှ သတင်းပို့အဖွဲ့အစည်းများအားလုံးဖိတ်ကြားသွားမည်ဖြစ်ပါသည်။ Web Based Reporting System အားပြောင်းလဲအသုံးပြုရန်ကြေညာသည့်အခမ်းအနား ကျင်းပပြီးပါက စမ်းသပ်သုံးစွဲကာလ(Testing Period) စတင်မည်ဖြစ်ကြောင်းလည်း ကြိုတင်အသိပေးအပ်ပါသည်။
- Log in to post comments