အဓိကအကြောင်းအရာသို့ သွားမည်

Home 2

နောက်ဆုံးရသတင်းများ

Read More

အခမ်းအနားများ

Read More

ဆက်စပ်သတင်းများ

ဆက်စပ်သတင်းများ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအားငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဖိုရမ် ကျင်းပခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှင့် Bank of China (Hong Kong) Yangon Branch တို့ပူးပေါင်းကျင်းပသော ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုအားငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဖိုရမ် အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲတွင် ၂၀-၄-၂၀၂၃ ရက်နေ့၌ ကျင်းပခဲ့ပါသည်။ အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ၊ သက်ဆိုင်ရာအစိုးရဌာနများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။

Credit from ကြေးမုံသတင်းစာ၊ ဧပြီလ ၂၁ ရက်နေ့ ၂၀၂၃ ခုနှစ်၊ စာမျက်နှာ ၅

ကုမ္ပဏီများအား ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ရှိမရှိ ၊ တည်ဆဲဥပဒေများ လိုက်နာမှု ရှိမရှိ စိစစ်မည်ဖြစ်ကြောင်း DICA အသိပေး

ကုမ္ပဏီများအား ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ရှိမရှိ ၊ တည်ဆဲဥပဒေများ လိုက်နာမှု ရှိမရှိ စိစစ်မည်ဖြစ်ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA က  အသိပေးကြေညာချက်ထုတ်ပြန်ထားပါသည်။

ကုမ္ပဏီများ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်သော အလေ့အထ ဖြစ်ပေါ်စေရန် နှင့် ဥပဒေသတ်မှတ်ချက်များနှင့်အညီ ဖြစ်စေရန် အတွက် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် လိုအပ်သော ကြီးကြပ်မှုများ ဆောင်ရွက်လျက်ရှိပါသည်။

Credit from Eleven Media Groups, 6 APRIL 2023

Read More

ဘယ်လိုငွေကြေးခဝါချကြသလဲ နှင့် ဘာလို့ ငွေကြေးခဝါချမှု လို့ခေါ်ကြသလဲ? (မြန်မာဘာသာပြန် အသိပညာပေး Video Clip - 04:46 Minutes)

ငွေကြေးခဝါချမှုအဆင့်(၃)ဆင့် (မြန်မာဘာသာပြန် အသိပညာပေး Video Clip - 02:14 Minutes)