အဓိကအကြောင်းအရာသို့ သွားမည်

AMLCB Background

 

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့

မြန်မာနိုင်ငံသည် ၂၀၀၂ ခုနှစ်တွင် တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေ ပြဌာန်းခဲ့ပြီး အဆိုပါ ဥပဒေ အခန်း(၄)၊ ပုဒ်မ ၆ အရ တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ဗဟိုထိန်းချုပ်ရေးအဖွဲ့အား ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရမှ ဖွဲ့စည်းခဲ့ပါသည်။ တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ဗဟိုထိန်းချုပ်ရေးအဖွဲ့ တွင် အဖွဲ့ဝင် ၁၁ ဦး ပါဝင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး မှ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၄ ခုနှစ်တွင် တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေ အား ရုပ်သိမ်း၍ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ အား ပြဌာန်းခဲ့ပါသည်။ ၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ အခန်း(၄)၊ ပုဒ်မ ၆ အရ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ Anti-Money Laundering Central Body(AMLCB) အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ ဖွဲ့စည်းခဲ့ပါသည်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့တွင် အဖွဲ့ဝင် ၁၅ ဦးပါဝင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မှ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပါသည်။

၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၇ အရ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ မူဝါဒ များချမှတ်ခြင်း၊ ယင်းမူဝါဒနှင့်အညီ သက်ဆိုင်ရာအစိုးရဌာနများ၊ အခြားသက်ဆိုင်သည့် အဖွဲ့အစည်း များနှင့် ညှိနှိုင်းအရေးယူဆောင်ရွက်ခြင်း၊

(ခ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားမဟာ ဗျူဟာချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ခြင်း၊

(ဂ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ အမျိုးသားအဆင့်အန္တရာယ်ကို အကဲဖြတ်ခြင်း ဆောင်ရွက်၍ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများ၊ သတင်းပို့အဖွဲ့အစည်းများ၏ ပူး ပေါင်းပါဝင်မှုဖြင့် အန္တရာယ်ကို အခြေပြုချဉ်းကပ်ခြင်းနည်းလမ်းများ အသုံးပြုလျက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးစနစ်တစ်ရပ်လုံးကို ထိရောက်စွာဆောင်ရွက်နိုင် ရေးအတွက် ကော်မတီများ ဖွဲ့စည်း၍ တာဝန်ပေးအပ်ခြင်း၊

(ဃ) ပုဒ်မခွဲ (က) နှင့် (ခ) အရ ချမှတ်ထားသည့် အမျိုးသားမူဝါဒ၊ မဟာဗျူဟာများ အကောင်အထည် ဖော်ဆောင်မှုနှင့် ပုဒ်မခွဲ (ဂ) အရ အမျိုးသားအဆင့်အန္တရာယ်ကို အကဲဖြတ်ခြင်းဆောင်ရွက်မှုကို လည်း ကောင်း၊ သတင်းပို့အဖွဲ့အစည်းများ၊ အစိုးရဌာနများနှင့် အခြားဆက်စပ်အဖွဲ့အစည်းများ၏ သတင်းပို့ ခြင်းဆိုင်ရာလိုအပ်ချက်တို့ကိုလည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်း၊

(င) သတင်းပို့အဖွဲ့အစည်းများ လိုက်နာရန် အောက်ပါအချက်များကို သတ်မှတ်ပြဋ္ဌာန်းသည့် ညွှန်ကြား ချက်များ ထုတ်ပြန်ခြင်း-

(၁) ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များနှင့် အန္တရာယ် အဆင့် မြင့်မားသည့် အခြေအနေမျိုးတွင် ဆက်သွယ်ဆောင်ရွက်သူအပေါ် တိုးမြှင့်အလေးထား စိစစ်ခြင်းလုပ် ငန်းစဉ်များ၊

(၂) စီးပွားဆက်ဆံဆောင်ရွက်မှု ထူထောင်ပြီးနောက် သို့မဟုတ် လွှဲပြောင်းဆောင်ရွက်မှုတစ်ရပ် ဆောင် ရွက်ပြီးနောက် ဆက်သွယ်ဆောင်ရွက်သူအပေါ် အတည်ပြုစိစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ။

(စ) ငွေကြေးခဝါချမှုနှင့်သက်ဆိုင်သော သတင်းအချက်အလက်များဖလှယ်ရေး၊ စုံစမ်းစစ်ဆေးရေး၊ အ ရေးယူရေးတို့နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂကွန်ဗင်းရှင်းဝင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဆ) ငွေကြေးခဝါချ၍ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့အစည်းများ ဖွဲ့စည်း ဆောင်ရွက်ခြင်းမပြုနိုင်စေရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများအား လမ်းညွှန်ခြင်း၊

(ဇ) နိုင်ငံတော်၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ် တွင်ပါဝင်သည့် သတင်းပို့အဖွဲ့အစည်းများကဏ္ဍ၊ ဥပဒေရေးရာကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍနှင့် တားဆီး နှိမ်နင်းရေးကဏ္ဍတို့မှ ပြည်သူ့ဝန်ထမ်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများအား ငွေကြေးခဝါချ မှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းစဉ်မူဝါဒ ချမှတ်ခြင်းနှင့် လမ်းညွှန်ခြင်း၊ 

(ဈ) ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်အစီရင်ခံစာကို သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ သို့တင်ပြခြင်း။

၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၈ အရ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုအန္တရာယ်ဖော်ထုတ်အကဲဖြတ်ခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်း၊ ဖော်ထုတ်အကဲဖြတ်မှု၏ နောက်ဆုံးရလဒ်များကို ထိန်းသိမ်းခြင်း၊ ယင်းရလဒ်များအနက် သင့်လျော်သည့် သတင်းအချက်အလက်များကို သက်ဆိုင်ရာအာဏာပိုင်များ၊ သ တင်းပို့အဖွဲ့အစည်းများအား အသိပေးဖြန့်ဝေခြင်းနှင့် ယင်းတို့ရရှိသည့် အချက်အလက်များကို ငွေကြေး ဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သတင်းပို့စေခြင်း၊

(ခ) သတင်းပို့ရမည့် ငွေကြေးနှင့်ပစ္စည်းများ၏ တန်ဖိုးပမာဏကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် သတ်မှတ်ခြင်း၊

(ဂ) ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများထံသို့ စိစစ်ရေးအဖွဲ့က ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများရှိ ငွေကြေးနှင့်ပစ္စည်းများကို သက်သေခံပစ္စည်းအဖြစ် ရှာဖွေသိမ်း ဆည်းခြင်း၊ ငွေရေးကြေးရေးဆိုင်ရာမှတ်တမ်းများ စစ်ဆေးကြည့်ရှခြင်း၊ မိတ္တူကူးယူခြင်း၊ လိုအပ်ပါက သက်သေခံပစ္စည်းအဖြစ် ရှာဖွေသိမ်းဆည်းခြင်းများ ဆောင်ရွက်ခွင့်ပြုနိုင်ရန် အမိန့်ထုတ်ဆင့်ခြင်းနှင့် ရုပ်သိမ်းခြင်း၊

(ဃ) ငွေကြေးခဝါချမှုနှင့် သက်ဆိုင်သော ငွေကြေးနှင့်ပစ္စည်းများကို ဤဥပဒေအရ စုံစမ်းစစ်ဆေးနေ သည့်ကာလအတွင်း ပြောင်းလဲခြင်း၊ လွှဲပြောင်းခြင်း၊ ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း၊ အသွင်ပြောင်းလဲ ခြင်းမပြုရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအား တားမြစ်မိန့်ထုတ်ဆင့်ခြင်း၊ ချိပ် ပိတ်ထားရန် ညွှန်ကြားခြင်းနှင့် ရုပ်သိမ်းခြင်း၊

(င) ငွေကြေးခဝါချမှုပြုလုပ်ရာမှ ရရှိသော ငွေကြေး သို့မဟုတ် ပစ္စည်းများနှင့်စပ်လျဉ်း၍ စိစစ်ခြင်း၊ စုံ စမ်းစစ်ဆေးခြင်း၊ ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်း၊ ရှာဖွေခြင်း၊ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခြင်း တို့ကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့အား တာ ဝန်ပေးအပ်ခြင်း၊

(စ) စိစစ်ရေးအဖွဲ့က သက်သေခံအဖြစ် သိမ်းဆည်းထားသောပစ္စည်းကို ခံဝန်ချုပ်ဖြင့် ပြန်လည်ပေးအပ် ရန် ခွင့်ပြုသည့် အမိန့်ချမှတ်ခြင်းနှင့် ယင်းခွင့်ပြုချက်ကို ပြန်လည်ရုပ်သိမ်းခြင်းတို့ကို ကြီးကြပ်ခြင်း၊

(ဆ) ငွေကြေးခဝါချမှုနှင့်သက်ဆိုင်သော ငွေကြေးနှင့်ပစ္စည်းများ သို့မဟုတ် အသုံးပြုပစ္စည်းများနှင့် စပ် လျဉ်း၍ သတင်းပေးသူအား လိုအပ်သော အကာအကွယ်ပေးခြင်းနှင့် ထိုက်သင့်သည့်ဆုငွေချီးမြှင့်ခြင်း၊

(ဇ) ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များကို အထောက်အကူပြုနိုင်ရန် ကျွမ်းကျင်သူများ ပါဝင်သောရုံးအဖွဲ့ ကို ဖွဲ့စည်းခြင်း၊

(ဈ) ဤဥပဒေအရ တရားရုံးက ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကုမ္ပဏီအဖွဲ့အစည်း သို့မဟုတ် သတင်းပို့ အဖွဲ့အစည်းများကို အောက်ပါအရေးယူမှုများအနက် သင့်လျော်သော အရေးယူမှုကို ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာန သို့မဟုတ် ကော်မရှင် သို့မဟုတ် အဖွဲ့အစည်းထံသို့ ဆက်သွယ်ညှိ နှိုင်း အကြောင်းကြားခြင်း-

(၁) စီးပွားရေးလုပ်ငန်းရပ်ဆိုင်းစေခြင်းနှင့် အဆိုပါကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း၏ စီးပွားရေးလုပ် ငန်းလိုင်စင်ကို ရုပ်သိမ်းခြင်း၊

(၂) မည်သည့်လုပ်ငန်းဆောင်ရွက်မှုကိုမဆို နှစ်နှစ်ထက်မပိုသည့်ကာလအတွင်း ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ခြင်း၊

(၃) ကုမ္ပဏီအဖွဲ့အစည်း၏ လုပ်ငန်းခွဲကို ငါးနှစ်ထက်မပိုသည့်ကာလ သတ်မှတ်၍ ပိတ်သိမ်းခြင်း၊

(၄) ဤဥပဒေပါ ပြစ်မှုများကို ကျူးလွန်ခြင်းနှင့်ဆက်နွှယ်သည့် အဆောက်အအုံကို ငါးနှစ်ထက်မပိုသည့် ကာလအထိ အသုံးမပြုရန် တားမြစ်ခြင်း၊

(၅) ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းနှင့် ကျွမ်းကျင် မှုဆိုင်ရာအသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ဆိုင်းငံ့ခြင်း၊ ကန့်သတ်ခြင်း သို့မဟုတ် လိုင်စင်ရုပ် သိမ်းစေခြင်းနှင့် ဆက်လက်လုပ်ဆောင်မှုကို တားမြစ်ခြင်း။

(ည) ဤဥပဒေအရ တရားရုံးက ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကုမ္ပဏီအဖွဲ့အစည်း သို့မဟုတ် သတင်းပို့ အဖွဲ့အစည်းများကို တစ်နှစ်ထက်မပိုသည့်ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်နှင့်အညီ ဗဟိုအဖွဲ့၏ကြီးကြပ်မှုအောက်တွင် ထားရှိနိုင်ခြင်း၊ 

(ဋ) ပုဒ်မခွဲ (ဈ) နှင့် ပုဒ်မခွဲ (ည) တို့ပါ အရေးယူဆောင်ရွက်ချက်များကို စာပေစာနယ်ဇင်းများ၊ ရေဒီယို၊ ရုပ်မြင်သံကြားများမှတစ်ဆင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်း တစ်ခုခုဖြင့်ဖြစ်စေ အများပြည်သူသို့ ထုတ်ပြန်ကြေညာအသိပေးခြင်း။

၂၀၁၄ ခုနှစ် ငွေကြေး‌ခဝါချမှုတိုက်ဖျက်ရေးဥ‌ပဒေပုဒ်မ ၉ အရ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့အား ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများနှင့်ဆက်နွယ်၍ သတင်းပို့ချက်များ လက်ခံခြင်း၊ လက်ခံရရှိသော သတင်းပို့ချက်များ စိစစ်ခြင်း၊ စိစစ်ချက်ရလာဒ်များမှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထံ ပေးအပ်ခြင်းများ လွတ်လပ်စွာဆောင်ရွက်နိုင်သော ဗဟိုအဖွဲ့အစည်းတစ်ရပ်အဖြစ် ဖွဲ့စည်းပေးထားခြင်းဖြစ်ပါသည်။

သို့ဖြစ်ရာ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်းပင်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၃၁၇/၂၀၂၁ ဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အား အောက်ဖော်ပြပါ လူပုဂ္ဂိုလ် ၁၅ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-

၁။ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဥက္ကဋ္ဌ
၂။ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဖွဲ့ဝင်
၃။ ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်
၄။ ဒုတိယဝန်ကြီး/ဒုတိယရှေ့နေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာန အဖွဲ့ဝင်
၅။ အမြဲတမ်းအတွင်းဝန်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အဖွဲ့ဝင်
၆။ ညွှန်ကြားရေးမှူးချုပ် ၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အဖွဲ့ဝင်
၇။ ညွှန်ကြားရေးမှူးချုပ် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဖွဲ့ဝင်
၈။ ညွှန်ကြားရေးမှူးချုပ် ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အဖွဲ့ဝင်
၉။ ညွှန်ကြားရေးမှူးချုပ် ၊ အကောက်ခွန်ဦးစီးဌာန အဖွဲ့ဝင်
၁၀။ ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းအခွန်များဦးစီးဌာန အဖွဲ့ဝင်
၁၁။ ညွှန်ကြားရေးမှူးချုပ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန အဖွဲ့ဝင်
၁၂။ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အဖွဲ့ဝင်
၁၃။ ဌာနကြီးမှူး၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အဖွဲ့ဝင်
၁၄။ ရဲချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အတွင်းရေးမှူး
၁၅။ တပ်ဖွဲ့မှူး၊ ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တွဲဖက်အတွင်းရေးမှူး