၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအို၌ ကျင်းပခဲ့သည့် အာ
Home 2
နောက်ဆုံးရသတင်းများ
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပခဲ့သော အာရှ-ပစိ
ကြီးကြပ်ရေးအာဏာပိုင်များအတွက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အာရှ-ပစိ
ကြီးကြပ်ရေးအာဏာပိုင်များအတွက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး
၂၈-၂-၂၀၂၅ ရက်နေ့မှ ၁-၃-၂၀၂၅ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၌ ကျင်းပခဲ့သည့် (၁၃)ကြိ
၁၇-၂-၂၀၂၅ ရက်နေ့မှ ၂၁-၂-၂၀၂၅ ရက်နေ့အထိ ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပခဲ့သည့် နိုင်ငံတကာပူးပေါင
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပခဲ့သည့် အာရှ-ပစိဖိတ်ပူး
အခမ်းအနားများ
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး(၂/၂၀၂၂) အား ၁၉-၉-၂၀၂၂ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂) ကျင်းပပြုလုပ်မှု
ဆက်စပ်သတင်းများ
ဆက်စပ်သတင်းများ
ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တွင် တာဝန်ထမ်းဆောင်ရန် အလိုရှိသည်။ စစ်မြေပြင်မှာ ကျည်ဆန်တွေ၊ ဗုံးတွေနဲ့ တိုက်ပွဲမဝင်ပဲ ကိန်းဂဏန်းစာရင်းအင်းတွေကြား နည်းပညာ၊ ဘာသာရပ်ကျွမ်းကျင်မှုတွေပဲအသုံးချပြီး နိုင်ငံတော်ရဲ့ ငွေကြေးနဲ့ စီးပွဦးရေးမဏ္ဏိုင်ကို ကာကွယ်စောင့်ရှောက်တဲ့ နိုင်ငံ့သားကောင်းဖြစ်လိုပါသလား??? ဒါဆို သင်အခုပဲ “ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့” ကို ဝင်ရောက်လိုက်ပါ။ ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ Anti Financial Crime Division – AFCD ဆိုတာ ဘာလဲ? ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဆိုတာ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လက်အောက်မှာဖွဲ့စည်းထားတဲ့ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းတွေကိုပဲ သီးသန့်ဆောင်ရွက်ရတဲ့ “အထူးတပ်ဖွဲ့” တစ်ခုပါ။ ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(AFCD) က ဘာတွေလုပ်ရတာလဲ?? AFCD ရဲ့ အဓိကလုပ်ငန်းကတော့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်း တွေပါပဲ။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကိုယ်စားပြုဖွဲ့စည်းထားတဲ့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ Myanmar Financial Intelligence - MFIU အဖြစ် ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (AFCD)က တာဝန်ယူဆောင်ရွက်နေတာပါ။ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအတွက် သတ်မှတ်ထားတဲ့ သတင်းပို့အဖွဲ့အစည်းတွေက သတင်းပို့လာတာကို AFCD က ကိုယ်ပိုင် Web Portal ၊ ကိုယ်ပိုင် Data Server တွေနဲ့ နည်းပညာအသုံးပြု လက်ခံခြင်း ဆောင်ရွက်တယ်။ လက်ခံရရှိတဲ့ Data တွေကို ကိုယ်ပိုင်ရေးဆွဲထားတဲ့ Data Analysis Too တွေနဲ့ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုအန္တရာယ်ရှိမရှိ စိစစ်ခြင်း(Analysis) ဆောင်ရွက်တယ်။ စိစစ်တွေ့ရှိတဲ့အပေါ် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်တယ်။ စိစစ်ရေး အဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေဖွဲ့ပြီး စုံစမ်းဖော်ထုတ်တယ်၊ တရားစွဲအရေးယူတယ်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ သတင်းဖလှယ်တာတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေ ပြုလုပ် ရတယ်။ AFCD က ရဲတပ်ဖွဲ့ဖြစ်ပေမယ့် အပေါ်မှာပါတဲ့လုပ်ငန်းတွေကိုပဲ အဓိကလုပ်ရတာဖြစ်တဲ့ သင်မြင်ဖူး နေကျ ရဲတွေနဲ့ “မတူတဲ့ ရဲ” ပါ။ ဒီလို ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ကိုဝင်ဖို့ ဘာအတွေ့အကြုံတွေရှိရမလဲ??? AFCD ကိုဝင်ရောက်ဖို့ အတွေ့အကြုံရှိစရာမလိုပါ။ ပြင်းပျတဲ့ စိတ်ဓာတ်နဲ့ ဆောင်ရွက်လိုစိတ်၊ စိတ်ပါ ဝင်စားမှုတွေကိုပဲ လိုအပ်ပါတယ်။ ကျန်တာ AFCD က လုပ်ကိုင်ရင်းသင်ကြားပေးသွားပါမယ်။
ဒီလိုစိတ်ပါဝင်စားသူတွေကို အဓိက လိုအပ်ပါတယ်။ AFCD ကို ဝင်ရောက်ဖို့ အတွေ့အကြုံမလိုအပ်ပဲ AFCD က ဒီလိုအတွေ့အကြုံ၊ အကျိုးအမြတ်တွေ သင့်ကိုပြန်လည်ပေးအပ်သွားမှာပါ -
ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ AFCD ကို ဘယ်လိုဝင်ရမလဲ??? ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တွင်စာရင်းပေးသွင်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဝင်ရောက်ရမည်ဖြစ်ပြီး ဝင်ရောက်ရန်အတွက် အောက်ပါအချက်များနှင့် ကိုက်ညီရန် လိုအပ်ပါတယ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဝင်ရောက်ပြီးပါက အခြေခံရဲတပ်သားသစ်သင်တန်း ၆ လ ၊ လုံခြုံရေးနှင့် စစ် ပညာအတွေ့အကြုံရစေရန် လုံခြုံရေးရဲတပ်ဖွဲ့ခွဲများတွင် ၁ နှစ် တာဝန်ထမ်းဆောင်ရပါမည်။ အဆိုပါ သင်ကြားမှု အတွေ့အကြုံယူခြင်း ပြီးစီးပါက ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ သို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။ အနိမ့်ဆုံးလစာ နဲ့ ခံစားခွင့် မူရင်းလစာ ၁၄၄၀၀၀ ရိက္ခာစရိတ် (၃၁ ရက် X ၁၈၀၀) ၅၅၈၀၀ ထောက်ပံ့စရိတ် ၆၀၀၀၀ ပင်ပန်းကြမ်းတမ်းမှုနှင့်သက်စွန့်စရိတ် ၅၀၀၀၀ စုစုပေါင်း ၃၀၉၈၀၀ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ စတင်ဝင်ရောက်သည့်နေ့မှစ၍ လစာရိက္ခာ စတင်ခံစားနိုင်မည်ဖြစ်ပြီး နေအိမ် လိုင်းခန်း၊ အခမဲ့ဆေးကုသနိုင်ခြင်း၊ သက်ဆိုင်ရာခွင့်များခံစားနိုင်ခြင်း၊ ဘွဲ့မရရှိသေးပါက ဘွဲ့ရရှိသည် အထိ ပညာဆက်လက်သင်ကြားနိုင်ခြင်း၊ ဘွဲ့ရရှိပါက ဒုရဲအုပ်လောင်းအရာရှိစာမေးပွဲ ဖြေဆိုနိုင်ခြင်း၊ သတ်မှတ်ချက်နှင့်အညီ နိုင်ငံခြား ပညာတော်သင်လျှောက်ထားနိုင်ခြင်း၊ အရည်အချင်း၊ ကျွမ်းကျင်မှု နှင့် ထူးချွန်မှုအပေါ် မူတည်၍ ရာထူး၊ လစာ၊ ခံစားခွင့်များ တိုးမြှင့်ပေးခြင်း စသည်တို့အား ရရှိနိုင် မည်ဖြစ်ပါသည်။ ဘယ်ကိုဆက်သွယ်ရမလဲ? ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ရုံး၊ ကျွန်းရွှေမြိုင်လမ်း၊ ဧက ၁၀၀၀ ၊ အင်ကြင်းဈေးအနီး၊ ဓနသိဒ္ဓိရပ်ကွက်၊ ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော် သို့ လူကိုယ်တိုင်လာရောက်စာရင်းပေးသွင်းနိုင်ပြီး
တို့မှ တစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ www.mfiu.gov.mm တွင်လည်း ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါသည်။ afcd.myanmar@gmail.com နှင့် mfiu.website@myanmarfiu.com တို့မှလည်း ကိုယ်ရေးအချက်အလက်များပေးပို့လျှောက်ထားနိုင်ပါသည်။ |
Basel Institute on Governance ၏ Basel AML Index 2025 အရ မြန်မာနိုင်ငံအား အဆင့်သတ်မှတ်ဖော်ပြချက်အပေါ် ကန့်ကွက်ကြောင်း အသိပေးထုတ်ပြန်ချက် ၁။ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် International Non-profit Organization တစ်ခုဖြစ်သည့် Basel Institute on Governance က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် Basel AML Index 2025 အရ မြန်မာနိုင်ငံသည် နိုင်ငံနှင့် ဒေသပေါင်း ၁၇၇ နိုင်ငံအနက် ဆုံးရှုံး နိုင်ခြေမြင့်မားသောနိုင်ငံစာရင်းတွင် နံပါတ် ၁ နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခဲ့ပါသည်။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ၁၁-၁၂-၂၀၂၅ |
အိမ်ခြံမြေအကျိုးဆောင် နှင့် အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းများတွင် ကဏ္ဍအလိုက် ဆုံးရှုံးနိုင်ခြေအကဲဖြတ်မှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ အိမ်ခြံမြေအကျိုးဆောင် နှင့် အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းများတွင် ကဏ္ဍအလိုက် ဆုံးရှုံးနိုင်ခြေအကဲဖြတ်မှု အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၁၉ ရက် နံနက် ၈ နာရီက နေပြည်တော် Hotel Max ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ နေပြည်တော် တိုင်းဒေသကြီး/ပြည်နယ် ကိုးခုမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း ၂၆ ဦး၊ အိမ်ခြံမြေအကျိုးဆောင် ၁၄၅ ဦး နှင့် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူ ၄၅ ဦး စုစုပေါင်း ၂၁၆ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Credit from မြန်မာ့အလင်းသတင်းစာ , ဇွန်လ ၂၁ ရက် ၂၀၂၃ ခုနှစ် , စာမျက်နှာ ၂ |
ဩစတြေးလျနိုင်ငံ ASIC မှ ပေးပို့လာသည့် အစီရင်ခံစာအမှတ် Report 761 အား ဖတ်ရှုလေ့လာတင်ပြခြင်း ဩစတြေးလျနိုင်ငံ ငွေကြေးသက်သေခံလက်မှတ်နှင့်ရင်းနှီးမြှပ်နှံမှုကော်မရှင် ASIC(Australian Securities & Investments Commission) မှ ၂၀၂၃ ခုနှစ် ဧပြီလ တွင် ထုတ်ပြန်ခဲ့သည့် Scam Prevention Detection and Response by the Four Major Banks အစီရင်ခံစာ၊ အစီရင်ခံစာအမှတ်(Report 761) အား FICG မှ မြန်မာနိုင်ငံ၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ ပေးပို့လာမှုအပေါ် ဖတ်ရှုလေ့လာပြုစုထားသည့် Power Point Presentation ဖြစ်ပါသည်။ အစီရင်ခံစာတွင် ပါဝင်သည့်အကြောင်းအရာများသည် ဘဏ်များနှင့်ပတ်သက်၍ အဓိကထားရေးသားထားခြင်း ဖြစ်ပါသည်။ အစီရင်ခံစာတွင် ဩစတြေးလျနိုင်ငံရှိ ဘဏ်များမှ Online လိမ်လည်မှုများနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းပုံများ၊ ဆက်လက်ဆောင်ရွက်မည့်အကြောင်းအရာများအား ဖော်ပြထားပါသည်။ |
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းမှ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုအားငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းအား ၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့တွင် အခမဲ့ ပို့ချသွားမည်ဖြစ်ကြောင်း ကြေငြာခြင်း ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းမှ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုအားငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းအား ၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့တွင် အခမဲ့ ပို့ချသွားမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။ Credit from The Global New Light of Myanmar, 12 April 2023 News, Page 7 |





