အဓိကအကြောင်းအရာသို့ သွားမည်

Reporting Entities

 

သတင်းပို့အဖွဲ့အစည်းများ

တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ဗဟိုထိန်းချုပ်ရေးအဖွဲ့ နှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ တို့မှ ထုတ်ပြန်ထားသည့် သတင်းပို့ အဖွဲ့အစည်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) အမိန့်အမှတ်(၁/၂၀၀၄) ဖြင့် ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်း အားလည်းကောင်း၊

(ခ) အမိန့်အမှတ်(၂/၂၀၀၄) ဖြင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန(စာချုပ်စာတမ်းမှတ်ပုံတင်ရုံး) ယခု (လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန) အားလည်းကောင်း၊

(ဂ) အမိန့်အမှတ်(၄/၂၀၀၄) ဖြင့် အကောက်ခွန်ဦးစီးဌာန အားလည်းကောင်း၊

(ဃ) အမိန့်အမှတ်(၁/၂၀၀၆) ဖြင့် မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ယခု (မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးမှုဦးစီးဌာန) ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာရေးဦးစီးဌာန ယခု (ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန) ၊ ပြည်တွင်းအခွန်များဦးစီးဌာန တို့အားလည်းကောင်း၊

(င) အမိန့်အမှတ်(၂/၂၀၀၆) ဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ယခု (ကုန်သွယ်ရေးဦးစီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန) တို့အားလည်းကောင်း၊

(စ) အမိန့်အမှတ်(၄/၂၀၀၆) ဖြင့် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အားလည်းကောင်း၊

(ဆ) အမိန့်အမှတ်(၅/၂၀၀၆) ဖြင့် တရားရုံးချုပ်ရှေ့နေများကောင်စီ ယခု (တရားလွှတ်တော်ရှေ့နေများကောင်စီ) ၊ မြန်မာနိုင်ငံစာရင်းကောင်စီ၊ နိုထရီပတ်ဘလစ်များ တို့အားလည်းကောင်း၊

(ဇ) အမိန့်အမှတ်(၁/၂၀၀၇) ဖြင့် ငွေချေးသက်သေခံလက်မှတ်များရောင်းဝယ်ရေးကုမ္ပဏီလီမိတက်များ အားလည်းကောင်း၊

(ဈ) အမိန့်အမှတ်(၂/၂၀၀၇) ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၊ မြန်မာ့အသေးစားချေးငွေလုပ်ငန်း ယခု (ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန) တို့အားလည်းကောင်း၊

(ည) အမိန့်အမှတ်(၃/၂၀၀၇) ဖြင့် မြန်မာ့အာမခံလုပ်ငန်း အားလည်းကောင်း၊

(ဋ) အမိန့်အမှတ်(၄/၂၀၀၄) ဖြင့် သတ္တုတွင်းဦးစီးဌာန ယခု (အမှတ်-၁၊ သတ္တုတွင်းလုပ်ငန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန) ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တို့အားလည်းကောင်း၊

(ဌ) အမိန့်အမှတ်(၁/၂၀၀၈) ဖြင့် အက်ဒမန်ကလပ်ဟိုတယ်(သူဌေးကျွန်း) အားလည်းကောင်း၊

(ဍ) အမိန့်အမှတ်(၂/၂၀၀၈) ဖြင့် ရွှေငွေအပါအဝင် လက်ဝတ်ရတနာ လက်လီလက္ကားအရောင်းဆိုင်များ နှင့် ကုမ္ပဏီများ အားလည်းကောင်း၊

(ဎ) အမိန့်အမှတ်(၃/၂၀၁၇) ဖြင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းများ အားလည်းကောင်း သတင်းပို့အဖွဲ့အစည်းများအဖြစ် အသီးသီး ထုတ်ပြန်ထားခဲ့ပါသည်။