အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ Asia Pacific Joint Group(APJG) ၏ မျက်နှာချင်းဆိုင်အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခြင်း(၁၀-၅-၂၀၂၃)
၁၀-၅-၂၀၂၃ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုမြို့၌ အာရှပစိဖိတ်ပူးတွဲအဖွဲ့(APJG) မှ မြန်မာနိုင်ငံ၏ အဌမအကြိမ် တိုးတက်မှုအစီရင်ခံစာအား ဆွေးနွေးသည့် မျက်နှာချင်းဆိုင် အစည်းအဝေးသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ပြီး ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် မျိုးသူစိုး နှင့် အဖွဲ့ဝင် ဒုတိယရဲမှူးကြီး မြင့်စိုး တို့ ပါဝင်ခဲ့ပါသည်။
အစည်းအဝေးအား ၁၀-၅-၂၀၂၃ ရက် ၁၀၀၀ အချိန်မှ ၁၆၀၀ အချိန်အထိ မကာအိုမြို့၊ Royal Resident ဟိုတယ်၌ ကျင်းပခဲ့ရာ နယူးဇီလန်နိုင်ငံ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး Mr. Mike Stone က မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအမံ (၁၅) ချက်အနက် ကြီးမားစွာ လိုက်နာဆောင်ရွက်ခြင်း (Largely Address) (၄)ချက်၊ တစ်စိတ်တစ်ပိုင်းလိုက်နာဆောင်ရွက်ခြင်း (Partly Address) (၈)ချက်၊ လိုက်နာဆောင်ရွက်မှုမရှိခြင်း (Not Address) (၃)ချက် ရရှိထားကြောင်း၊ ယခုအကြိမ်တင်ပြသည့် တိုးတက်မှုအစီရင်ခံစာတွင် ယခင်အကြိမ်များထက် ပိုမိုပြည့်စုံစွာ တင်ပြထားပြီး လိုအပ်ချက်များကို သတ်မှတ်ရက်အတွင်း ပေးပို့ခြင်းတို့ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက နိုင်ငံရေးအရ အဆင့်မြင့်အရာရှိကြီးများ၏ သန္နိဋ္ဌာန်ရှိမှု (Political Commitment) အပါအဝင် မြန်မာနိုင်ငံ၏ တိုးတက်မှုအစီရင်ခံစာ တိုးတက်ဆောင်ရွက်မှုများကို အကျဉ်းချုပ်ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ တိုးတက်မှုအစီရင်ခံစာ (Progress Report) ပါ Immediate Outcome (IO) အလိုက်ဆောင်ရွက်ချက်များအား ကဏ္ဍအလိုက်အကဲဖြတ်သူများက ထပ်မံသိရှိလိုသည့်အချက် များကို မေးမြန်းခဲ့မှုအပေါ် တက်ရောက်သူများက မိမိတာဝန်ယူထားသည့် IO အလိုက် ရှင်းလင်း ဖြေကြားမှုများ ဆောင်ရွက်ခဲ့ကြပါသည်။
- Log in to post comments