တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအို ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ နှင့် တွေ့ဆုံခြင်း (၈-၅-၂၀၂၃)
၈-၅-၂၀၂၃ ရက် ၁၁၀၀ အချိန်တွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအို ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးရုံးမှ ဒါရိုက်တာ Ms. Connie Chu ဦးဆောင်သော အဖွဲ့တို့သည် မကာအို ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့် ငွေကြေး ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်တို့မှ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး မကာအို ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးရုံးမှ မကာအို၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူဘောင်များ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့အား ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုအားငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း ဦးဆောင်ခဲ့ပြီး ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေး အဖွဲ့၊ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် မျိုးသူစိုး နှင့် အဖွဲ့ဝင် ဒုတိယရဲမှူးကြီး မြင့်စိုး တို့ပါဝင်ခဲ့ပါသည်။
- Log in to post comments