တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအနေဖြင့် မှုခင်းများစုံစမ်းစစ်ဆေးရာတွင် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းမှုကို အပြိုင်ဆောင်ရွက်နိုင်ရေး(Parallel Investigation) လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၃-၈-၂၀၂၃)
၂၃-၈-၂၀၂၃ ရက်နေ့ ၁၄၀၀ ချိန်မှ ၁၆၀၀ ချိန်ထိ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်၊ ရဲမှူးချုပ် မျိုးသူစိုး ဦးဆောင်သော တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအနေဖြင့် မှုခင်းများစုံစမ်းစစ်ဆေးရာတွင် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းမှုကို အပြိုင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအား ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ မှ အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မှုခင်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မှုခင်းနှင့်ဥပဒေရေးရာဌာနကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန နှင့် ပြည်တွင်းအခွန်များဦးစီးဌာန တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
- Log in to post comments