ထိုင်းနိုင်ငံငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး(AMLO) သို့သွားရောက်လေ့လာခြင်း (၁၉-၆-၂၀၂၃ မှ ၂၀-၆-၂၀၂၃)
ထိုင်းနိုင်ငံ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး(AMLO)၏ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းခြင်းနှင့် စစ်ဆေးခြင်းအတွေ့အကြုံများအား လေ့လာရန် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်တိုးရီ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၉-၆-၂၀၂၃ ရက်နေ့မှ ၂၀-၆-၂၀၂၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး(AMLO) သို့ သွားရောက်ခဲ့ပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့၌ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်၊ ဒုတိယအဖွဲ့ခေါင်းဆောင် နှင့် အဖွဲ့ဝင်များ ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် တို့မှ တာဝန်ရှိသူများ ပါဝင် လေ့လာခဲ့ကြပါသည်။
- Log in to post comments
Date