အဓိကအကြောင်းအရာသို့ သွားမည်

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ (Online Zoom Meeting) (13 Dec 2022)

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့(Financial Action Task Force-FATF) ၏ အကြံပြုချက် ၄၀ အနက်မှ နည်းပညာပိုင်းဆိုင်ရာလိုက်နာဆောင်ရွက်မှု စံနှုန်းသတ်မှတ်ချက် ကောင်းမွန်ရန်ကျန်ရှိနေသည့် အကြံပြုချက် ၁၆ ချက် နှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်သော Online Zoom Meeting အစည်းအဝေးအား ၁၃-၁၂-၂၀၂၂ ရက်နေ့ ၁၃၃၀ ချိန်မှ ၁၇၃၀ ချိန်ထိ ဆောင်ရွက်ခဲ့ကြပါသည်။ 

အစည်းအဝေးအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တို့မှ တာဝန်ရှိသူများနှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် မျိုးသူစိုး ဦးစီး အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Date