ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉-၁၁-၂၀၂၃)
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးအား ၉-၁၁-၂၀၂၃ ရက်နေ့ ၁၀၃၀ အချိန်မှ ၁၂၃၀ အချိန်ထိ နေပြည်တော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဇဗ္ဗူသီရိခန်းမတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးအား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ၊ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင် ပြုလုပ်ခဲ့ပြီး လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ အုပ်စုလိုက်ပူးပေါင်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်နှင့် တိုးတက်မှုအစီရင်ခံစာမူကြမ်း(အင်္ဂလိပ်+မြန်မာ) စိစစ်ရေးသားရေးအဖွဲ့ အဖွဲ့ဝင်များ စုစုပေါင်း(၂၄)ဦး တက်ရောက်ခဲ့ပါသည်။
- Log in to post comments
Date