အဓိကအကြောင်းအရာသို့ သွားမည်

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃-၁-၂၀၂၄)

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးအား ၃-၁-၂၀၂၄ ရက်နေ့ ၁၄၃၀ အချိန်တွင် နေပြည်တော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဇဗ္ဗူသီရိခန်းမတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးအား လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင် ပြုလုပ်ခဲ့ပြီး လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များစုစုပေါင်း(၅၄)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဒသမအကြိမ်မြောက်တိုးတက်မှုအစီရင်ခံစာအပေါ် ထပ်မံမေးမြန်းသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

Date