ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၈-၁-၂၀၂၄)
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးအား ၁၈-၁-၂၀၂၄ ရက်နေ့ ၁၅၀၀ အချိန်တွင် နေပြည်တော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဇဗ္ဗူသီရိခန်းမတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးအား လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင် ပြုလုပ်ခဲ့ပြီး လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များစုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပါသည်။ လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း နှင့် အဖွဲ့ဝင်(၆)ဦးတို့သည် Virtual စနစ်ဖြင့် အစည်းအဝေးတက်ရောက်ခဲ့ကြပါသည်။
- Log in to post comments
Date