အဓိကအကြောင်းအရာသို့ သွားမည်

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၀-၁၀-၂၀၂၃)

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးအား ၁၀-၁၀-၂၀၂၃ ရက်နေ့ ၁၁၃၀ အချိန်တွင် နေပြည်တော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဇဗ္ဗူသီရိခန်းမတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးအား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ၊ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင် ပြုလုပ်ခဲ့ပြီး လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များ စုစုပေါင်း(၃၈)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အစီအမံ(Action Plan)ပါ လက်ငင်းရလဒ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

Date