ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး (၂၈-၂-၂၀၂၃)
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးအား ၂၈-၂-၂၀၂၃ ရက်နေ့ ၁၀၀၀ အချိန်တွင် နေပြည်တော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဇဗ္ဗူသီရိခန်းမတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးအား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ၊ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင် ပြုလုပ်ခဲ့ပြီး ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်၊ လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ရဲမှူးချုပ် မျိုးသူစိုး ၊ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် APJG သို့ ပေးပို့ခဲ့သည့် သတ္တမအကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ ပူးတွဲအဖွဲ့၏ သုံးသပ်ချက်များအပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
- Log in to post comments
Date