ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ၏ ဆုံးရှုံးနိုင်ခြေမြင့်မားသောမှုခင်းများနှင့်ဆက်နွယ်သည့် ငွေကြေးခဝါချမှုဆုံးရှုံးနိုင်ခြေများအားဖော်ထုတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ (၁၅-၁၂-၂၀၂၃)
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ၏ ဆုံးရှုံးနိုင်ခြေမြင့်မားသောမှုခင်းများနှင့်ဆက်နွယ်သည့် ငွေကြေးခဝါချမှုဆုံးရှုံးနိုင်ခြေများအားဖော်ထုတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲအား ၁၅-၁၂-၂၀၂၃ ရက်နေ့ ၁၄၀၀ အချိန်တွင် နေပြည်တော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အင်ကြင်းခန်းမတွင် ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲအား ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်ကျင်းပခဲ့ပြီး ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ လုပ်ငန်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ နှင့် ဘဏ်များမှ ကိုယ်စားလှယ်များ၊ သတင်းပို့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း(၁၀၆)ဦး တက်ရောက်ခဲ့ပါသည်။
- Log in to post comments