မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည့် သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက် ဆိုင်ရာ ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ ပိုမိုသိရှိနားလည်စေရန် အသိပညာမြှင့်တင်ရေး အစည်းအဝေး (၁၆-၂-၂၀၂၃)
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်၍ ၁၆-၂-၂၀၂၃ ရက်နေ့ ၁၄၀၀ အချိန်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည့် သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက် (fit and proper) ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ ပိုမိုသိရှိနားလည်စေရန် အသိပညာမြှင့်တင်ရေးအစည်းအဝေးအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်(ရန်ကုန်ဘဏ်ခွဲ)၌ ကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် မျိုးသူစိုး၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ကြပါသည်။
- Log in to post comments
Date