ကုန်သွယ်မှုအပေါ်အခြေပြုသည့်ငွေကြေးခဝါချခြင်းနှင့်စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃၀-၈-၂၀၂၃)
၃၀-၈-၂၀၂၃ ရက်နေ့ ၁၃၃၀ ချိန်မှ ၁၆၁၅ ချိန်ထိ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်၊ ရဲမှူးချုပ် မျိုးသူစိုး ဦးဆောင်သော ကုန်သွယ်မှုအပေါ်အခြေပြုသည့်ငွေကြေးခဝါချခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအား ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ မှ အဖွဲ့ဝင်များနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန တို့မှ တာဝန်ရှိသူများ တက်ရောက်၍ ကုန်သွယ်မှုအပေါ် အခြေပြုသည့် ငွေကြေးခဝါချခြင်းနှင့် ပတ်သက်နိုင်သော အတွေ့အကြုံများ၊ နည်းပုံစံများအား ဆွေးနွေးခဲ့ကြပါသည်။
- Log in to post comments
Date