ကုမ္ပဏီအဖွဲ့အစည်းများနှင့်စပ်လျဉ်းသည့် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှံးနိုင်ခြေအန္တရာယ် အကဲဖြတ်ရေးကော်မတီ(Legal Person Risk Assessment Committee) အစည်းအဝေး (၁၅-၂-၂၀၂၃)
၁၅-၂-၂၀၂၃ ရက်နေ့တွင် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်၊ ရဲမှူးချုပ် မျိုးသူစိုး ဦးဆောင်၍ ကုမ္ပဏီအဖွဲ့အစည်းများနှင့်စပ်လျဉ်းသည့် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှံးနိုင်ခြေအန္တရာယ် အကဲဖြတ်ရေးကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးအား ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်(၁၂)ဦး တက်ရောက်ခဲ့ကြပြီး ကုမ္ပဏီအဖွဲ့အစည်းများနှင့်စပ်လျဉ်းသည့် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှံးနိုင်ခြေအန္တရာယ် အကဲဖြတ်ရေးအစီရင်ခံစာ(မူကြမ်း) အား ဆွေးနွေးခဲ့ကြပါသည်။
- Log in to post comments
Date