အဓိကအကြောင်းအရာသို့ သွားမည်
အစည်းအဝေးတက်ရောက်နေမှု

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (Asia Pacific Joint Group-APJG) ၏ မျက်နှာချင်းဆိုင် အစည်းအဝေး တက်ရောက်ခြင်း (၁၆-၁-၂၀၂၃ မှ ၁၇-၁-၂၀၂၃)

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အာရှပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG) ၏ မျက်နှာချင်းဆိုင် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့မှ တက်ရောက်ခဲ့ပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးကျော်ဝင်းသိန်း ဦးဆောင်၍ အဖွဲ့ဝင်များအနေဖြင့် ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟန်စိုး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရဲမှူးချုပ် မျိုးသူစိုး၊ တပ်ဖွဲ့မှူး၊ ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုမောင်၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရဲမှူးကြီး ဇော်လင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်သန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယရဲမှူးကြီး မြင့်စိုး၊ ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှဦးစီးဌာနတို့ ပါဝင်ခဲ့ကြပါသည်။

Date