FATF အကြံပြုချက်အမှတ်(၇)နှင့်စပ်လျဉ်း၍ ညွှန်ကြားချက်ထုတ်ပြန်နိုင်ရေးအစည်းအဝေး (28 Dec 2022)
FATF အကြံပြုချက် (၄၀)အနက် မြန်မာနိုင်ငံမှ နည်းပညာပိုင်းဆိုင်ရာလိုက်နာဆောင်ရွက်မှု (Technical Compliance) စံနှုန်းသတ်မှတ်ချက်ကောင်းမွန်ရန် ကျန်ရှိသည့် အကြံပြုချက်(၁၆)ခု မှ အကြံပြုချက်အမှတ်(၇)နှင့်စပ်လျဉ်း၍ ညွှန်ကြားချက်ထုတ်ပြန်နိုင်ရေး အစည်းအဝေးအား ၂၈-၁၂-၂၀၂၂ ရက်နေ့ ၁၄၀၀ ချိန်မှ ၂၀၀၀ ချိန်ထိ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်၊ ဦးကျော်ဝင်းသိန်း၊ ဉပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးကြီး မြင့်မောင်၊ ဒုတိယရဲမှူးကြီး သူရိန်ထွန်း တို့ တက်ရောက်ခဲ့ပြီး ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် မျိုးသူစိုးဦးစီး အဖွဲ့ဝင်များနှင့် ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။
- Log in to post comments