အဓိကအကြောင်းအရာသို့ သွားမည်

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂) ( ၁၄-၁-၂၀၂၂ )

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂) ကျင်းပပြုလုပ်မှု

၁။    ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)ကိုရဲချုပ်ရုံး၊ ရုံးအမှတ်(၈)၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက် (သောကြာနေ့)၊ ၁၄၀၀ အချိန်မှ ၁၇၀၀ အချိန်ထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင် ၁၀ ဦး၊ အဖွဲ့ဝင်ကိုယ်စား ၄ ဦး၊ အထူးဖိတ်ကြား ထားသူ ၉ ဦး၊ စုစုပေါင်း ၂၃ ဦး တက်ရောက်ခဲ့ပါသည်။
၂။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၉-၂၀၂၃ ခုနှစ် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို အကောင်အထည်ဖော်နေသည့်အပြင် အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ရေး အစီရင်ခံစာအရ စံနှုန်းနိမ့်သည့်အတွက် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) က သတ်မှတ် ထားသည့်အတိုင်း အာရှပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia-Pacific Group on Money Laundering-APG) ကို နှစ်စဉ်ဖေဖော်ဝါရီလ ၁ ရက်နေ့တိုင်း  တိုးတက်မှုအစီရင်ခံစာ (Follow Up Report) ပေးပို့နေရသည့်အပြင် တိုးတက်ဆောင်ရွက်မှုများကို စောင့်ကြည့်ရမည့် နိုင်ငံနှင့်ဒေသများစာရင်း (Gray List) သတ်မှတ်ခံရသည့်အတွက် သတ်မှတ်ထားသည့် Action Plan ဆောင်ရွက်မှု အစီရင်ခံစာကို အာရှပစိဖိတ်ဒေသ ပူးတွဲအဖွဲ့ (Asia-Pacific Joint Group-APJG) သို့ (၄)လ (၁)ကြိမ် ပေးပို့နေရသည့်ကာလဖြစ်ကြောင်း၊ ထို့ကြောင့် ယခုလို အစည်းအဝေး ကျင်းပပြီး တိုင်ပင်ညှိနှိုင်းဆောင်ရွက်ရန်နှင့် အတည်ပြုရန် လိုအပ်ချက်များကိုလည်း အတည်ပြု ပေးရမည်ဖြစ်သောကြောင့် အစည်းအဝေး ကျင်းပရခြင်းဖြစ်ပါသည်။

Date