တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်-မန္တလေး (လှိုင်သာယာဘဏ်ခွဲ) တွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာသင်ခန်းစာပို့ချခြင်း (၁၁-၉-၂၀၂၃)
၁၁-၉-၂၀၂၃ ရက်နေ့ ၁၃၀၀ ချိန် မှ ၁၅၀၀ ချိန်ထိ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ရဲမှူး ကြူကြူစိန် သည် တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်-မန္တလေး(လှိုင်သာယာဘဏ်ခွဲ) တွင်ဖွင့်လှစ်သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးသင်တန်း၌ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုအားငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်ခန်းစာများ ပို့ချခြင်း ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းအား တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်-မန္တလေး(လှိုင်သာယာဘဏ်ခွဲ)၊ သင်တန်းခန်းမ၊ ရန်ကုန်မြို့ တွင်ပြုလုပ်ခဲ့ပြီး သင်တန်းသား ၃၀ ဦး တက်ရောက်ခဲ့ပါသည်။
- Log in to post comments
Date