အဓိကအကြောင်းအရာသို့ သွားမည်

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဖိုရမ် ( ၂၀-၄-၂၀၂၃)

၂၀-၄-၂၀၂၃ ရက်နေ့ ၀၉၀၀ ချိန်မှ ၁၂၀၀ ချိန်ထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၊ ရန်ကုန်ဘဏ်ခွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှင့် Bank of China Hong Kong (Yangon Branch) တို့ ပူးပေါင်းဆောင်ရွက်သော ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဖိုရမ် ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဖိုရမ်သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင် ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း ၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် မျိုးသူစိုး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အကြီးတန်းအရာရှိကြီးများ၊  Bank of China Hong Kong (Yangon Branch) မှ ကိုယ်စားလှယ်များ နှင့် အခြားဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

Bank of China Hong Kong (Yangon Branch) မှ ကိုယ်စားလှယ်နှစ်ဦးမှ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာအပြည်ပြည်ဆိုင်ရာစံနှုန်းများ၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်းအပြန်အလှန်အကဲဖြတ်ရေးဆိုင်ရာအစီအစဉ်များ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ငွေကြေးခဝါချမှုတိုက်ဖျက်ရေးမူဘောင် တို့အား ဆွေးနွေးခြင်းခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခြင်း၊ သိရှိလိုသည်များအား မေးမြန်းခြင်းတို့ဆောင်ရွက်ခဲ့ကြပါသည်။

Date