အဓိကအကြောင်းအရာသို့ သွားမည်

MFIU နှင့် မိတ်ဖက်ဌာနဆိုင်ရာအဖွဲ့အစည်းများကြား Database စနစ် ထူထောင်နိုင်ရေး နှင့် Online အသုံးပြု၍ သတင်းပေးပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း ( ၁-၇-၂၀၂၃)

၁-၇-၂၀၂၃ ရက်နေ့ ၁၃၀၀ ချိန်မှ ၁၄၃၀ ချိန်ထိ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်၊ ရဲမှူးချုပ် မျိုးသူစိုး ဦးဆောင်သော MFIU နှင့် မိတ်ဖက်ဌာနဆိုင်ရာအဖွဲ့အစည်းများကြား Database စနစ် ထူထောင်နိုင်ရေး နှင့် Online အသုံးပြု၍ သတင်းပေးပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအား ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ မှ အဖွဲ့ဝင်များ နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

Date