ကြီးကြပ်ရေးအာဏာပိုင်များအတွက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT)ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်မှု (၂၄-၄-၂၀၂၃ မှ ၂၆-၄-၂၀၂၃)
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြီးမှူး၍ ကြီးကြပ်ရေးအာဏာပိုင်များအတွက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT)ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၁/၂၀၂၃)အား ၂၄-၄-၂၀၂၃ ရက်နေ့၊ ၀၉၃၀ အချိန်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အင်ကြင်းခန်းမ၌ သင်တန်းဖွင့်ပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ရဲမှူးချုပ် မျိုးသူစိုးက ဖြည့်စွက်အမှာစကားပြောကြားခဲ့ပါသည်။
သင်တန်းတွင် ငွေကြေးဆိုင်ရာမှုခင်းတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး၊ သင်တန်းမှူး ရဲမှူးကြီး မျိုးမင်းထိုက်က သင်တန်းဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ သင်တန်းကာလအတွင်း သင်ကြား ပို့ချမည့် ဘာသာရပ်များနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအား အကျဉ်းချုံး ရှင်းလင်းဆွေးနွေး တင်ပြခြင်းများဆောင်ရွက်ခဲ့ပြီး ကြီးကြပ်ရေးအာဏာပိုင်များအဖြစ်တာဝန်ပေးအပ်ထားရှိသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ပြည်ထာင်စုတရားလွှတ်တော်ချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ တို့မှ သင်တန်းသားစုစုပေါင်း (၂၄)ဦးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ လာရောက်လေ့လာသူ(၂)ဦး တို့တက်ရောက်ခဲ့ကြပါသည်-
သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟန်စိုး၊ ငွေရေး ကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုမောင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုလွင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူး ဒေါ်စောရွှေ နှင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးခင်မောင်လွင် တို့က အထူးဖိတ်ကြားထားသူများအဖြစ် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းမှာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြီးကြပ်ရေးအာဏာပိုင် များအတွက် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT)ဆိုင်ရာ အသိပညာများမြှင့်တင်ပေးရန်၊ သတင်းပို့အဖွဲ့အစည်းများအပေါ် AML/CFT ဆိုင်ရာ ကြီးကြပ်မှုလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်စေရန်နှင့် APJG သို့ လေးလ လျှင်တစ်ကြိမ်ပေးပို့တင်ပြလျက်ရှိသည့် မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်မှုအစီရင်ခံစာပါ လက်ငင်းရလဒ် (IO-3) ပါ အကောင်အထည်ဖော်ဆောင် ရွက်ရမည့်အချက်များအား ထိရောက်စွာဆောင်ရွက်နိုင်ရန်၊ AML/CFT ဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ် များကို ပိုမိုနားလည်သိရှိစေရန်ရည်ရွယ်၍ စီမံချက်ရေးဆွဲဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ယခုဖွင့်လှစ်သည့် သင်တန်းအပတ်စဉ်(၁/၂၀၂၃) အား ၂၆-၄-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ ကြီးကြပ်ရေးအာဏာပိုင်များအတွက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT)ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ အထိ လစဉ်ပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းအပတ်စဉ်(၉)ခုအထိ ပြုလုပ်သွား မည်ဖြစ်ပါသည်။
- Log in to post comments