အဓိကအကြောင်းအရာသို့ သွားမည်

ဆုံးရှုံးနိုင်ခြေမြင့်မားသည့် မှုခင်းများနှင့်ဆက်နွယ်သည့် ငွေကြေးခဝါချမှုအန္တရာယ်များဖော်ထုတ်ခြင်း ဆွေးနွေးပွဲ (၁၇-၂-၂၀၂၃)

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်၍ ၁၇-၂-၂၀၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆုံးရှုံးနိုင်ခြေမြင့်မားသည့် မှုခင်းများနှင့်ဆက်နွယ်သည့်  ငွေကြေးခဝါချမှု အန္တရာယ်များ ဖော်ထုတ်ခြင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် မျိုးသူစိုး၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ ကြီးကြပ်ရေးအာဏာပိုင်များ၊ ငွေရေးကြေးရေးမဟုတ်သောစီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှု ဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း(DNFBPs)များအောက်ရှိ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ(၂၄၀)ဦး တက်ရောက်ကြပါသည်။

ဆွေးနွေးပွဲတွင် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူက ဆုံးရှုံးနိုင်ခြေမြင့်မားသည့်မှုခင်းများနှင့် ဆက်နွယ်သည့် ငွေကြေးခဝါချမှုအန္တရာယ်များအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် တားဆီးကာကွယ်ရေးဆိုင်ရာ အတွေ့အကြုံများကိုလည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြုံတွေ့ရသည့် “ဆုံးရှုံးနိုင်ခြေမြင့်မားသည့်မှုခင်းများနှင့် ဆက်နွယ်သည့် ငွေကြေးခဝါချမှုအန္တရာယ်”များအကြောင်းကို လည်းကောင်း၊ ပုဂ္ဂလိကအဖွဲ့အစည်းများ (Public Sectors) ဖြစ်သည့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များသင်း၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းနှင့် မြန်မာနိုင်ငံရှေ့နေများအသင်း တို့မှ တာဝန်ရှိသူများက ဆုံးရှုံးနိုင်ခြေမြင့်မားသည့် မှုခင်းများနှင့် ဆက်နွယ်သည့် ငွေကြေးခဝါချမှုအန္တရာယ်များကို ပိုမိုနားလည်သိရှိကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

Date