အဓိကအကြောင်းအရာသို့ သွားမည်

အကောက်ခွန်ဦးစီးဌာနတွင် ကုန်သွယ်မှုအပေါ်အခြေခံသည့်ငွေကြေးခဝါချမှု(TBML) ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲပြုလုပ်ခြင်း (၉-၁၀-၂၀၂၃)

၉-၁၀-၂၀၂၃ ရက်နေ့ ၀၉၀၀ ချိန်မှ ၁၆၃၀ ချိန်ထိ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် မျိုးသူစိုး ဦးဆောင်သည့် အဖွဲ့ဝင်များသည် အကောက်ခွန်ဦးစီးဌာန ရန်ကုန်ရုံးချုပ် ဇေယျာသီဟခန်းမ တွင်ပြုလုပ်သော ကုန်သွယ်မှုအပေါ်အခြေခံသည့်ငွေကြေးခဝါချမှု(TBML)ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအား တက်ရောက်ဆွေးနွေးပို့ချခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲအား အကောက်ခွန်ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် တို့မှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၈)ဦး တက်ရောက်ခဲ့ကြပါသည်။

Date