အဓိကအကြောင်းအရာသို့ သွားမည်

အကောက်ခွန်ဦးစီးဌာန တွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးသင်တန်း ပို့ချခြင်း (၁၁-၃-၂၀၂၃)

၁၁-၃-၂၀၂၃ ရက်နေ့ ၀၉၀၀ ချိန်တွင် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်စိုး သည် အကောက်ခွန်ဦးစီးဌာန ရန်ကုန်ရုံးချုပ် သင်တန်းခန်းမ တွင်ဖွင့်လှစ်သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးသင်တန်း၌ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုအားငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်ခန်းစာများ ပို့ချခြင်း ဆောင်ရွက်ခဲ့ပါသည်။

သင်တန်းအား သင်တန်းသား ၇၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းသား ၄၀ ဦးသည် လူကိုယ်တိုင်တက်ရောက်ခဲ့၍ ကျန်သင်တန်းသား ၃၅ ဦးသည် Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

Date