စစ်မြေပြင်မှာ ကျည်ဆန်တွေ၊ ဗုံးတွေနဲ့ တိုက်ပွဲမဝင်ပဲ ကိန်းဂဏန်းစာရင်းအင်းတွေကြား နည်းပညာ၊ ဘာသာရပ်ကျွမ်းကျင်မှုတွေပဲအသုံးချပြီး နိုင်ငံတော်ရဲ့ ငွေကြေးနဲ့ စီးပွဦးရေးမဏ္ဏိုင်ကို ကာကွယ်စောင့်ရှောက်တဲ့ နိုင်ငံ့သားကောင်းဖြစ်လိုပါသလား???
ဒါဆို သင်အခုပဲ “ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့” ကို ဝင်ရောက်လိုက်ပါ။
ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ Anti Financial Crime Division – AFCD ဆိုတာ ဘာလဲ?
ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဆိုတာ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လက်အောက်မှာဖွဲ့စည်းထားတဲ့ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းတွေကိုပဲ သီးသန့်ဆောင်ရွက်ရတဲ့ “အထူးတပ်ဖွဲ့” တစ်ခုပါ။
ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(AFCD) က ဘာတွေလုပ်ရတာလဲ??
AFCD ရဲ့ အဓိကလုပ်ငန်းကတော့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်း တွေပါပဲ။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကိုယ်စားပြုဖွဲ့စည်းထားတဲ့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ Myanmar Financial Intelligence - MFIU အဖြစ် ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (AFCD)က တာဝန်ယူဆောင်ရွက်နေတာပါ။
ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအတွက် သတ်မှတ်ထားတဲ့ သတင်းပို့အဖွဲ့အစည်းတွေက သတင်းပို့လာတာကို AFCD က ကိုယ်ပိုင် Web Portal ၊ ကိုယ်ပိုင် Data Server တွေနဲ့ နည်းပညာအသုံးပြု လက်ခံခြင်း ဆောင်ရွက်တယ်။
လက်ခံရရှိတဲ့ Data တွေကို ကိုယ်ပိုင်ရေးဆွဲထားတဲ့ Data Analysis Too တွေနဲ့ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုအန္တရာယ်ရှိမရှိ စိစစ်ခြင်း(Analysis) ဆောင်ရွက်တယ်။
စိစစ်တွေ့ရှိတဲ့အပေါ် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်တယ်။ စိစစ်ရေး အဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေဖွဲ့ပြီး စုံစမ်းဖော်ထုတ်တယ်၊ တရားစွဲအရေးယူတယ်။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ သတင်းဖလှယ်တာတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေ ပြုလုပ် ရတယ်။
AFCD က ရဲတပ်ဖွဲ့ဖြစ်ပေမယ့် အပေါ်မှာပါတဲ့လုပ်ငန်းတွေကိုပဲ အဓိကလုပ်ရတာဖြစ်တဲ့ သင်မြင်ဖူး နေကျ ရဲတွေနဲ့ “မတူတဲ့ ရဲ” ပါ။
ဒီလို ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ကိုဝင်ဖို့ ဘာအတွေ့အကြုံတွေရှိရမလဲ???
AFCD ကိုဝင်ရောက်ဖို့ အတွေ့အကြုံရှိစရာမလိုပါ။ ပြင်းပျတဲ့ စိတ်ဓာတ်နဲ့ ဆောင်ရွက်လိုစိတ်၊ စိတ်ပါ ဝင်စားမှုတွေကိုပဲ လိုအပ်ပါတယ်။ ကျန်တာ AFCD က လုပ်ကိုင်ရင်းသင်ကြားပေးသွားပါမယ်။
- နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုသူတွေ
- Data Server Management ၊ Networking ၊ Programming စိတ်ပါဝင်စားသူတွေ
- Cyber Security နဲ့ အသုံးချ A.I စိတ်ပါဝင်စားသူတွေ
- Analytical Thinking နဲ့ ငွေစာရင်းအင်းပိုင်းစိတ်ပါဝင်စားသူတွေ
- စုံစမ်းစစ်ဆေးဖော်ထုတ်ခြင်းကို စိတ်ပါဝင်စားသူတွေ
ဒီလိုစိတ်ပါဝင်စားသူတွေကို အဓိက လိုအပ်ပါတယ်။ AFCD ကို ဝင်ရောက်ဖို့ အတွေ့အကြုံမလိုအပ်ပဲ AFCD က ဒီလိုအတွေ့အကြုံ၊ အကျိုးအမြတ်တွေ သင့်ကိုပြန်လည်ပေးအပ်သွားမှာပါ -
- Financial Fraud & Scam တိုက်ဖျက်ခြင်း၊ Money Trail Tracing ဆောင်ရွက်ခြင်း အတွေ့အကြုံ များရရှိနိုင်မယ်။
- ငွေရေးကြေးရေးလုပ်ငန်း(Financial Sector) ပိုင်းမှာ အတွေ့အကြုံတွေ အမြင်သစ်တွေရရှိစေ နိုင်မယ်။
- AML & Financial Crime Investigation Skill ၊ Data Analysis, Reporting Skill, Research Skill စသည့် skill များ ရရှိနိုင်မယ်။
- ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် အဆက်အသွယ် ရရှိ နိုင်မယ်။
- Anti-Money Laundering (AML) နှင့်ပတ်သက်၍ Professional တစ်ဦးအဖြစ် ဆက်လက် ဆောင်ရွက် သွားနိုင်မယ်။
ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ AFCD ကို ဘယ်လိုဝင်ရမလဲ???
ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တွင်စာရင်းပေးသွင်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဝင်ရောက်ရမည်ဖြစ်ပြီး ဝင်ရောက်ရန်အတွက် အောက်ပါအချက်များနှင့် ကိုက်ညီရန် လိုအပ်ပါတယ်
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
- ကျန်းမာရေးကောင်းမွန်ရမည်။
- သတ်မှတ်သည့် ဆေးစစ်ခြင်း အောင်မြင်ရမည်။
- မျက်မြင် စစ်ဆေးသည့် ၁၂ ချက် အောင်မြင်ရမည်။
- နယ်ဘက်တရားရုံးများတွင် အမှုအခင်း ကင်းရှင်းရမည်။
- မြန်မာနိုင်ငံအတွင်းမည်သည့်ဒေသ၌မဆိုတာဝန်ထမ်းဆောင် နိုင်ရမည်။
- အရပ် ၅ ပေ ၂ လက်မ နှင့်အထက် ရှိရမည်။
- ပေါင်ချိန် ၉၅ ပေါင် နှင့်အထက် ရှိရမည်။
- အသက် ၁၈ နှစ်ပြည့်ရမည်ဖြစ်ပြီး အမျိုးသားဖြစ်ပါက ၃၃ နှစ် ထက်မကြီးသူ၊ အမျိုးသမီး ဖြစ်ပါက ၃၀ နှစ်ထက်မကြီးသူ ဖြစ် ရမည်။
- တက္ကသိုလ် ဒုတိယနှစ် အောင်မြင်ပြီးသူဖြစ်ရမည်။
- အမျိုးသမီးဖြစ်ပါက အိမ်ထောင်မရှိသူ(အပျို)ဖြစ်ရမည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဝင်ရောက်ပြီးပါက အခြေခံရဲတပ်သားသစ်သင်တန်း ၆ လ ၊ လုံခြုံရေးနှင့် စစ် ပညာအတွေ့အကြုံရစေရန် လုံခြုံရေးရဲတပ်ဖွဲ့ခွဲများတွင် ၁ နှစ် တာဝန်ထမ်းဆောင်ရပါမည်။ အဆိုပါ သင်ကြားမှု အတွေ့အကြုံယူခြင်း ပြီးစီးပါက ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ သို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။
အနိမ့်ဆုံးလစာ နဲ့ ခံစားခွင့်
မူရင်းလစာ ၁၄၄၀၀၀
ရိက္ခာစရိတ် (၃၁ ရက် X ၁၈၀၀) ၅၅၈၀၀
ထောက်ပံ့စရိတ် ၆၀၀၀၀
ပင်ပန်းကြမ်းတမ်းမှုနှင့်သက်စွန့်စရိတ် ၅၀၀၀၀
စုစုပေါင်း ၃၀၉၈၀၀
မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ စတင်ဝင်ရောက်သည့်နေ့မှစ၍ လစာရိက္ခာ စတင်ခံစားနိုင်မည်ဖြစ်ပြီး နေအိမ် လိုင်းခန်း၊ အခမဲ့ဆေးကုသနိုင်ခြင်း၊ သက်ဆိုင်ရာခွင့်များခံစားနိုင်ခြင်း၊ ဘွဲ့မရရှိသေးပါက ဘွဲ့ရရှိသည် အထိ ပညာဆက်လက်သင်ကြားနိုင်ခြင်း၊ ဘွဲ့ရရှိပါက ဒုရဲအုပ်လောင်းအရာရှိစာမေးပွဲ ဖြေဆိုနိုင်ခြင်း၊ သတ်မှတ်ချက်နှင့်အညီ နိုင်ငံခြား ပညာတော်သင်လျှောက်ထားနိုင်ခြင်း၊ အရည်အချင်း၊ ကျွမ်းကျင်မှု နှင့် ထူးချွန်မှုအပေါ် မူတည်၍ ရာထူး၊ လစာ၊ ခံစားခွင့်များ တိုးမြှင့်ပေးခြင်း စသည်တို့အား ရရှိနိုင် မည်ဖြစ်ပါသည်။
ဘယ်ကိုဆက်သွယ်ရမလဲ?
ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ရုံး၊ ကျွန်းရွှေမြိုင်လမ်း၊ ဧက ၁၀၀၀ ၊ အင်ကြင်းဈေးအနီး၊ ဓနသိဒ္ဓိရပ်ကွက်၊ ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော် သို့ လူကိုယ်တိုင်လာရောက်စာရင်းပေးသွင်းနိုင်ပြီး
- ရဲမှူး မင်းယုနိုင် 09668480895
- ဒုရဲအုပ် နိုင်လင်းဦး 09668480895
တို့မှ တစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ www.mfiu.gov.mm တွင်လည်း ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါသည်။ afcd.myanmar@gmail.com နှင့် mfiu.website@myanmarfiu.com တို့မှလည်း ကိုယ်ရေးအချက်အလက်များပေးပို့လျှောက်ထားနိုင်ပါသည်။