ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေး (၁၄-၂-၂၀၂၃)
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးအား ၁၄-၂-၂၀၂၃ ရက်နေ့ ၁၄၀၀ အချိန်တွင် နေပြည်တော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဇဗ္ဗူသီရိခန်းမတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟန်စိုး ၊ လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် မျိုးသူစိုး ၊ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များ စုစုပေါင်း(၅၂)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပုဂ္ဂလိကအဖွဲ့အစည်းများတွင် ကြုံတွေ့လျက်ရှိသော ငွေကြေးခဝါချမှုဆိုင်ရာဆုံးရှုံးနိုင်ခြေအန္တရာယ်များ ဖော်ထုတ်ခြင်း နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
- Log in to post comments
Date