အဓိကအကြောင်းအရာသို့ သွားမည်
1

၇-၂-၂၀၂၃ ရက်နေ့ Online Zoom Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးပြုလုပ်ခြင်း

အာရှ-ပစိဖိတ်ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group on Money Laundering - APG) သို့ စံနှုန်းသတ်မှတ်ချက် တိုးမြှင့်ပေးရန် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် ပေးပို့တောင်းခံထားရှိသည့် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ ( Financial Action Task Force - FATF ) ၏ အကြံပြုချက်အမှတ် (၇)၊ (၈)၊ (၁၄)၊ (၂၄)၊ (၂၆) တို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများအလိုက် ထုတ်ပြန်ခဲ့သည့် အမိန့်ညွှန်ကြားချက်များအပေါ် အသိပညာမြှင့်တင်ရေး ဆောင်ရွက်မည့်အစီအမံများဆွေးနွေးပွဲကို ၇-၂-၂၀၂၃ ရက်နေ့ ၁၄၀၀ ချိန်တွင် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ Online Zoom Meeting စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့ရာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဦးဆောင်ပြုလုပ်၍ သက်ဆိုင်ရာ ဌာနများမှ ကိုယ်စားလှယ် စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ပါသည်။

Date